ကချင်ပြည်နယ် ဆဒုံးမြို့ ယာယီတိုက်ပွဲရှောင်စခန်း ပိတ်သိမ်း

 

နေပြည်တော်   ဇူလိုင်  ၅


ကချင်ပြည်နယ်   မြစ်ကြီးနားခရိုင်  ဆဒုံးမြို့  အမှတ်  (၂) ရပ်ကွက်ရှိ မြို့နယ်အထွေထွေ   အုပ်ချုပ်ရေး ဦးစီးဌာန     ယာယီတိုက်ပွဲရှောင် စခန်းတွင်   ခိုလှုံနေသော   နေရပ် စွန့်ခွာသူ အိမ်ထောင်စု ၁၆ စုသည် လီဆူခရစ်ယာန်     အသင်းတော် အထက်မြန်မာပြည်က   တာဝန်ယူ ဆောက်လုပ်လှူဒါန်းသည့် အမှတ် (၂) ရပ်ကွက် မြေဧက ၂ ဒသမ ၀၆    ဧကပေါ်ရှိ      တန်ဖိုးနည်းအိမ်ရာ သို့ ဇွန် ၃၀ ရက်တွင် ၎င်းတို့အစီ အစဉ်ဖြင့်    ပြောင်းရွှေ့သွားသဖြင့် ယာယီတိုက်ပွဲရှောင်      စခန်းအား    ပိတ်သိမ်းပြီးဖြစ်ကြောင်း   မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မှ သိရသည်။          

ဇော်ဝင်းထွန်း