
နေပြည်တော် ဇူလိုင် ၄
တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၏ ၂၀၂၃ ခုနှစ် တိုင်းမှူးဒိုင်း (အမျိုးသား၊ အမျိုးသမီး) သေနတ်ပစ်ပြိုင်ပွဲ ဆုပေးပွဲကို ဇူလိုင် ၃ ရက် မွန်းလွဲပိုင်းတွင် နယ်မြေခံသင်တန်း ကျောင်းစက်ပစ်ကွင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ထိန်ဝင်းနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဒိုင်အဖွဲ့ဝင်များ နှင့် ပြိုင်ပွဲဝင်အသင်းများ တက် ရောက်ကြသည်။
ဆုများပေးအပ်ချီးမြှင့်
ဦးစွာ တိုင်းမှူးနှင့် တက် ရောက်လာကြသူများက ပြိုင်ပွဲဝင် အသင်းများ၏ ဗိုလ်လုပွဲယှဉ်ပြိုင် ပစ်ခတ်နေမှုများကို ကြည့်ရှု အားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ တစ်ဦးချင်းဆုရရှိသူများ၊ အသင်း လိုက်ဆုများနှင့် ဒိုင်းဆုရရှိသော အုတ်တွင်းတပ်နယ် အသင်း တို့အား တိုင်းမှူးနှင့် တာဝန် ရှိသူများက ဒိုင်းဆုနှင့် ဆုများ ပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်