ရခိုင်ပြည်နယ်အတွင်းရှိ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ ဆက်လက်ကပြသီဆိုဖျော်ဖြေ

 

နေပြည်တော်   ဇူလိုင်   ၄
ရခိုင်ပြည်နယ်အတွင်းရှိ မိုခါမုန်တိုင်းဒဏ်သင့်ဒေသများတွင်    ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် နယ်မြေခံ တပ်မတော်သား များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊  မီးသတ်တပ်ဖွဲ့ဝင် များနှင့်  မိသားစုဝင်များအား စိတ်ရွှင်လန်း ချမ်းမြေ့ စေရန်နှင့် ပင်ပန်းနွမ်းနယ်မှုများ  ပြေပျောက်စေရန် အတွက် ယနေ့ညနေပိုင်းတွင် ဘူးသီးတောင်တပ်နယ် ရှိ  နယ်မြေခံတပ်ရင်းခန်းမ၌ ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင် ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ နယ်လှည့် ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ စစ်သည်/ စစ်သမီးများ က အဆို/ အကများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။ 
ထိုသို့   ဖျော်ဖြေတင်ဆက်ရာတွင်  စစ်သည်/ စစ်သမီးများက    မြန်မာသံစဉ်  တေးသီချင်းများ၊ ခေတ်ပေါ်တေးသီချင်း အဆို/အကများ၊ တေးသရုပ် ဖော်အကများ၊    ရယ်ရွှင်ဖွယ်ရာ   ဟာသပြဇာတ် ၊ ဒေသ၏ရိုးရာယဉ်ကျေးမှုအကအလှများ၊  ဗဟုသုတ ဖြစ်ဖွယ်ရာ အသိပညာပေးအစီအစဉ်များဖြင့် ကဏ္ဍ စုံလင်စွာ   သီဆိုကပြဖျော်ဖြေကြရာ   နယ်မြေခံ တပ်နယ်မှ   တပ်မတော်အရာရှိကြီးများ၊  စစ်သည်၊ မိသားစုဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊      မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ       ပျော်ရွှင်စွာ      ကြည့်ရှုအားပေးကြ သည်။ (အောက်ပုံ) ထိုသို့ သီဆိုကပြဖျော်ဖြေသော  စစ်သည်/ စစ်သမီးများအား  နယ်မြေခံတပ်နယ်မှ  တာဝန်ရှိသူများက  ဆုငွေများ  အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။      သတင်းစဉ်