
နေပြည်တော် ဇူလိုင် ၄
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်အား ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) ၏ ယာယီအကြီးအကဲ ဖြစ်သူ Ms. Danielle Parry ဦးဆောင်သောအဖွဲ့သည် ယနေ့ နံနက် ၁၀ နာရီတွင် အဆိုပါ ဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံသည်။
တွေ့ဆုံစဉ် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်း ရေးမှူးရုံး (UNOCHA) ၏ ယာယီ အကြီးအကဲဖြစ်သူ Ms. Danielle Parry က ရခိုင်ပြည်နယ်ရှိ မုန်တိုင်း သင့်သူများအတွက် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများ ပေးအပ်လိုသည့်ကိစ္စ၊ OCHA ဝန်ထမ်းများ၏ ပြည်ဝင်ခွင့်ဗီဇာဆိုင်ရာကိစ္စများနှင့် ပြည်တွင်း ခရီးသွားလာခွင့်ဆိုင်ရာ ကိစ္စများ တင်ပြသည်။
ပြည်ထောင်စု ဝန်ကြီးက အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနှင့် လုပ်ငန်းကော်မတီ (၁၂) ရပ် ဖွဲ့စည်းထားရှိမှု၊ မိုခါဆိုင်ကလုန်း မုန်တိုင်းအတွက် နိုင်ငံတကာ အကူအညီများနှင့် စပ်လျဉ်း၍ နိုင်ငံတကာဆက်ဆံရေးလုပ်ငန်းကော်မတီ၏ ညှိနှိုင်းဆောင်ရွက် ပေးနေမှု၊ မိုခါမုန်တိုင်းဒဏ်သင့် ဒေသများသို့ နိုင်ငံတကာ အကူအညီများ ပေးပို့ရန်အတွက် ပေါင်းစပ်ညှိနှိုင်းမှု လုပ်ငန်း ယန္တရားတစ်ရပ် ဖော်ဆောင်ရေး ဆောင်ရွက်နေမှု၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနနှင့် OCHA တို့အကြား သဘောတူညီမှု စာလွှာ (LoA) သက်တမ်းတိုး လက်မှတ်ရေးထိုးနိုင်ရေး ကိစ္စရပ် များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ သည်။
တွေ့ဆုံပွဲသို့ အမြဲတမ်း အတွင်းဝန် ဒေါက်တာကိုကိုနိုင်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူး ချုပ်များနှင့် တာဝန်ရှိသူများ ပါဝင် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်