
နေပြည်တော် ဇူလိုင် ၄
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ ကိစ္စရပ်များ နှင့် ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက်စကားသံများအား သဇင် FM ၏ “ဓားပြတိုက်လုယက်မှုများ ကျူးလွန်ခဲ့သည့် တွံတေး မြို့ပြပြောက်ကျား အမည်ခံ PDF အကြမ်းဖက်အဖွဲ့ ဒုတိယ ခေါင်းဆောင်နှင့် အဖွဲ့ဝင်များအား ထပ်မံဖော်ထုတ်ဖမ်းဆီးရမိ” ခေါင်းစဉ်ဖြင့် ဇူလိုင် ၅ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက် ပေးသွားမည် ဖြစ်သည်။
လာမည့်အပတ် ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၁ နာရီတွင် “ရန်ကုန်-မော်လမြိုင်သွား ပြည်ထောင်စုလမ်းမပေါ်ရှိ ကျုံအိတ်တံတားအား KNLA အဖွဲ့မှ အကြမ်းဖက်မှု လိုအားသူများနှင့် PDF အကြမ်းဖက် သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး” ခေါင်းစဉ်ဖြင့် ဆွေးနွေး တင်ဆက်မည်ဖြစ်သောကြောင့် ပါဝင်ဆွေးနွေးလိုသူ ပရိသတ်များ အနေဖြင့် အပတ်စဉ် ကြာသပတေးနေ့ နံနက် ၁ဝ နာရီ မှ ၁၁ နာရီ အတွင်း ဖုန်းနံပါတ် ၀၉-၈၉၉၀၉၉၅၉၅ သို့ အမည်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်နှင့် ပြန်လည်ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ကို Message ပေးပို့ပါဝင်နိုင်ပြီး ပါဝင်လာသည့် ပရိသတ်များ၏ ဖုန်းနံပါတ်များနှင့် ကိုယ်ရေးအချက်အလက်များကို လျှို့ဝှက်ပေး ထားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်