ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ စက်မှုနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန ဝန်ကြီးနှင့်တွေ့ဆုံ၊ China-ASEAN Forum on Emerging Industry ဖွင့်ပွဲအခမ်းအနား တက်ရောက်

 

နေပြည်တော်   ဇူလိုင်    ၄


China-ASEAN Forum on Emerging Industry သို့ တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်တုံးပြည်နယ် ရှန်းကျန်းမြို့၌ ရောက်ရှိ နေသော  စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒေါက်တာချာလီသန်း  ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည်  ယနေ့နံနက်ပိုင်းတွင် ရှန်းကျန်းမြို့၌ တရုတ် ပြည်သူ့သမ္မတနိုင်ငံ   စက်မှုနှင့် သတင်းအချက် အလက်  နည်းပညာဝန်ကြီးဌာန  ဝန်ကြီး Mr. Jin Zhuanglong    ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံသည်။


တွေ့ဆုံစဉ် လျှပ်စစ်ကားများ၊ ဆိုလာများ၊  ဆေးပစ္စည်းထုတ်လုပ်ရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက်  လိုအပ်သောနည်းပညာများ   လွှဲပြောင်းရရှိရေး ကိစ္စရပ်များကို ဆွေးနွေးကြသည်။


မွန်းလွဲပိုင်းတွင်  ပြည်ထောင်စုဝန်ကြီးနှင့်  အဖွဲ့သည်   China-ASEAN   Forum  on  Emerging Industry ဖွင့်ပွဲ အခမ်းအနားသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများနှင့်အတူ  တက်ရောက်ပြီး အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်