သိပ္ပံပွဲတော် ၂၀၂၃ တတိယနေ့နှင့် ပိတ်ပွဲအခမ်းအနား ကျင်းပ

 

ရန်ကုန်   ဇူလိုင်   ၁


သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင် အဏုမြူစွမ်းအင်  ကော်ပိုရေးရှင်း ROSATOM တို့   ပူးပေါင်းကျင်းပ သော သိပ္ပံပွဲတော်၂၀၂၃ တတိယ နေ့ကို  ယမန်နေ့က   ရန်ကုန်မြို့ရှိ ရန်ကုန်နည်းပညာ     တက္ကသိုလ် နှင့်    နျူကလီးယားနည်းပညာ     သတင်းအချက်အလက်   စင်တာ တို့၌ ဆက်လက်ကျင်းပသည်။


ပွဲတော် တတိယနေ့သို့ သိပ္ပံ နှင့်နည်းပညာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ အောင်ဇေယျ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ရန်ကုန် နည်းပညာတက္ကသိုလ်  ပါမောက္ခ ချုပ်၊  ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ROSATOM မှ  တာဝန်ရှိသူများနှင့် National   Research   Nuclear University   MEPhI   (Moscow Engineering Physics  Institute) မှ ပါမောက္ခများ တက်ရောက်ကြ သည်။


 ကြည့်ရှုအားပေး


ဦးစွာ      ဒုတိယဝန်ကြီးနှင့်  အဖွဲ့သည်     ရန်ကုန်နည်းပညာ တက္ကသိုလ်၌   အဏုမြူစွမ်းအင် ဦးစီးဌာန၊ သုတေသနနှင့် တီထွင် ဆန်းသစ်မှုဦးစီးဌာန၊ နည်းပညာ တက္ကသိုလ်နှင့်         ကွန်ပျူတာ တက္ကသိုလ်တို့မှ   ခင်းကျင်းပြသ ထားသော ပြခန်းများ၊ ပိုစတာများ ဖြင့်       ရှင်းလင်းတင်ပြမှုများ၊  လေ့လာနေမှုများကို       ကြည့်ရှု အားပေးကာ    ဦးတည်ချက်များ အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးနှင့် ပြည်သူ  ဗဟိုပြု          ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို     ကောင်းစွာ အထောက်အကူပြုနိုင်မည့် စွန့်ဦး တီထွင်နည်းပညာများ၊    သုတေ သနရလဒ်များ ရရှိလာသည်အထိ ကြိုးပမ်းဆောင်ရွက်၍   ဆက်စပ် ဝန်ကြီးဌာနများမှ    တာဝန်ရှိသူ များနှင့် ပုဂ္ဂလိက MSME လုပ်ငန်း ရှင်များ၏    လက်ဝယ်အရောက် နည်းပညာများကို ဖြန့်ဖြူးပေးရန် မှာကြားသည်။


ဆက်လက်၍ နျူကလီးယား နည်းပညာသတင်းအချက်အလက်  စင်တာသို့ရောက်ရှိပြီး လာရောက်  လေ့လာကြသည့်        နည်းပညာ  တက္ကသိုလ်နှင့်           ကွန်ပျူတာ တက္ကသိုလ်တို့မှ      ကျောင်းသား ကျောင်းသူများကို  အားပေးစကား ပြောကြားသည်။


မွန်းလွဲပိုင်း၌ ဒုတိယဝန်ကြီး နှင့်    အဖွဲ့သည်   နျူကလီးယား နည်းပညာ         သတင်းအချက် အလက်စင်တာတွင် ကျင်းပသော သိပ္ပံပွဲတော် ၂၀၂၃  ပိတ်ပွဲအခမ်း အနားသို့ တက်ရောက်သည်။


ရုပ်ရှင်ပြသ 


အခမ်းအနားတွင် “Nuclear Now”  ရုပ်ရှင်ကိုပြသပြီး   ရုပ်ရှင် တွင် ပါဝင်သောအကြောင်းအရာ များနှင့်စပ်လျဉ်း၍    တက်ရောက် သူများ၏      မေးမြန်းမှုများကို MEPhI    မှ    ပါမောက္ခများက ပြန်လည်ဖြေကြားကြသည်။

 


သိပ္ပံပွဲတော် ကျင်းပခြင်းအား ဖြင့်     အခြေခံပညာအဆင့်မှ သည်  တက္ကသိုလ်  ကျောင်းသား ကျောင်းသူများနှင့် ကဏ္ဍအသီးသီး  တွင်     တာဝန်ထမ်းဆောင်နေ သည့်   လူငယ်ပညာရှင်များအထိ နျူကလီးယား နည်းပညာရပ်အပါ အဝင်   သိပ္ပံဆိုင်ရာ   အသိအမြင် များနှင့်  အတွေ့အကြုံဗဟုသုတ များ  တိုးပွားလာစေခြင်း၊  သိပ္ပံ ပညာရပ်ကို  ပိုမိုစိတ်ဝင်စားစေပြီး နည်းပညာဆိုင်ရာ အသစ်အဆန်း များအား   လေ့လာစူးစမ်းလိုစိတ် ဖြစ်ပေါ်လာစေခြင်း၊     ပညာရေး ကဏ္ဍတွင်လူငယ်များ၏ စိတ်ဓာတ်  ခွန်အားကို   မြှင့်တင်ပေးနိုင်ခြင်း၊ မီဒီယာများမှတစ်ဆင့် နျူကလီး ယားစွမ်းအင်ဆိုင်ရာ   အသိပညာ များ   ပြန့်ပွားလာမည်ဖြစ်သည့် အတွက်   နိုင်ငံတော်တွင်   သိပ္ပံ နှင့်     နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ   အသုံးပြုရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် ရာတွင်  အထောက်အကူပြုနိုင်ခြင်း စသည့်    အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ကြောင်း      သိရ သည်။      
             

သတင်းစဉ်