
မောတောင်ကုန်သွယ်ရေး စခန်း အနေဖြင့် ၂၀၂၃ ခုနှစ် ဇွန် ၁၉ ရက် မှ ၂၅ ရက်အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၀ ဒသမ ၃၆၁ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၀ ဒသမ ၀၀၃ သန်း၊ စုစုပေါင်းကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၀ ဒသမ ၃၆၄ သန်း ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့သည်။
မောတောင် ကုန်သွယ်ရေး စခန်းမှ ဇွန် ၁၉ ရက်မှ ၂၅ ရက် အထိ အဓိကတင်ပို့ခဲ့သော ကုန်ပစ္စည်းများမှာ ကြက်သွန်နီ ၂၅၁ ဒသမ ၀၄ တန်၊ ကဏန်း ၂၂ ဒသမ ၈၅ တန်၊ ငါးမျိုးစုံ ၅၉ ဒသမ ၆၀ တန်၊ ပုစွန် ၁ ဒသမ ၁၀ တန်၊ ငှက်ပျောသီး တန် ၃၀၊ တံမြက်စည်းအခု ၂၄၀၀၀ တို့ တင်ပို့နိုင်ခဲ့ပြီး အဓိကတင်သွင်း ခဲ့သော ကုန်ပစ္စည်းများမှာ အသီး များ ခြောက်တန်၊ ငါးသေတ္တာဘူး ခွံ ၅ ဒသမ ၄၉ တန်ဖြစ်သည်။
ငွေလဲနှုန်း
၂၀၂၃ ခုနှစ် ဇွန် ၂၆ ရက် ပြင်ပ ငွေလဲနှုန်းမှာ မြန်မာငွေကျပ် တစ်သိန်းလျှင် ဘတ် ၁၁၅၀၊ တစ်ဘတ်လျှင် မြန်မာငွေ ၈၆ ဒသမ ၉၆ ကျပ်ခန့်ရှိပြီး ယခင် အပတ်နှင့်နှိုင်းယှဉ်ပါက ဘတ်ဈေး အနည်းငယ် မြင့်တက်လျက်ရှိ ကြောင်း သိရသည်။