(၇၁)နှစ်မြောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပ

 

နေပြည်တော်    ဇူလိုင်    ၁


(၇၁)နှစ်မြောက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်      နှစ်ပတ်လည်နေ့ အထိမ်းအမှတ်   အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရှိ  မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။


အခမ်းအနားသို့     မြန်မာ နိုင်ငံတော်          ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ဒုတိယဥက္ကဋ္ဌ များ ဖြစ်ကြသည့် ဦးဇော်မြင့်နိုင်နှင့် ဒေါက်တာလင်းအောင်၊ ဒါရိုက်တာ အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်  ဦးအောင်အောင်၊ ညွှန်ကြားရေးမှူး ချုပ်များနှင့် အရာထမ်း၊ အမှုထမ်း များ တက်ရောက်ကြသည်။ 


ဦးစွာ မြန်မာနိုင်ငံတော်ဗဟို ဘဏ်ဥက္ကဋ္ဌနှင့်  ဧည့်သည်တော် များက တပ်ကုန်းမြို့  ဆရာတော် ထံမှ   ငါးပါးသီလ   ခံယူဆောက် တည်၍ ဆရာတော်၊ သံဃာတော် များ ရွတ်ဖတ်တော်မူသည့် ပရိတ် တရားတော်များကို       နာယူ  ကြည်ညိုကြပြီး          ဆရာတော် သံဃာတော်များထံ  ဝါဆိုသင်္ကန်း နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကာ အနုမောဒနာ တရား နာယူ         ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။


ထို့နောက်    မြန်မာနိုင်ငံတော် ဗဟိုဘဏ် (၇၁) နှစ်မြောက် နှစ်ပတ် လည်နေ့        အခမ်းအနားကို ကျင်းပရာ မြန်မာနိုင်ငံတော် ဗဟို ဘဏ်ဥက္ကဋ္ဌ       ဒေါ်သန်းသန်းဆွေ က ဗဟိုဘဏ်    စတင်တည်ထောင် ခဲ့သည်မှာ နှစ်ပေါင်း (၇၁)နှစ်တိုင်   ရှိခဲ့ပြီဖြစ်ကြောင်း၊ ဗဟိုဘဏ်၏   ရည်မှန်းချက်များကို      အကောင် အထည်ဖော်ရာတွင်      အများ ပြည်သူ၏       အကျိုးစီးပွားကို မထိခိုက်စေဘဲ  အကျိုးရှိရှိအောင် မြင်အောင်       ဆောင်ရွက်လျက်ရှိ ကြောင်း၊ မှန်ကန်သော မူဝါဒများ ချမှတ်နိုင်ရန်    လုပ်ငန်းကော်မတီ အသီးသီးဖွဲ့စည်း၍    တိုးတက်လာ သော   Digital  Platform များ၊ စီးပွားရေးမူဘောင်များနှင့်အညီ အချိန်နှင့်တစ်ပြေးညီ မြန်ဆန်စွာ ပံ့ပိုးနိုင်ရေး    ဆောင်ရွက်လျက်ရှိ ကြောင်း၊ ဗဟိုဘဏ်  အရာထမ်း၊ အမှုထမ်းများအနေဖြင့်    မိမိတို့ ထမ်းဆောင်ကြရသော   တာဝန် အလိုက်     နိုင်ငံတကာအဆင့်မီ သက်ဆိုင်ရာ    ပညာရပ်များကို Professional Level တတ်ကျွမ်း ကြရန်  လိုအပ်ကြောင်း၊ မိမိတို့၏ Specialize ပညာရပ်များကို ပိုမို တိုးတက်လာအောင်       မျက်ခြည် မပြတ် နည်းလမ်းမျိုးစုံဖြင့် အမြဲ လေ့လာ ဆည်းပူးနေကြရမည်ဖြစ် ကြောင်း၊     ဝန်ထမ်းများအားလုံး ကျရာတာဝန်ကို ကျေပွန်အောင် ကြိုးပမ်းကြရမည်ဖြစ်ပြီး ချစ်ခင် ညီညွတ်စွာဖြင့်      စည်းစည်း လုံးလုံး       ဆောင်ရွက်သွားကြ ရန်            တိုက်တွန်းပါကြောင်း ပြောကြားသည်။


ဆက်လက်၍ (၇၁) နှစ်မြောက် နှစ်ပတ်လည်နေ့  အခမ်းအနားသို့ တက်ရောက်ချီးမြှင့်သော   ဗဟို ဘဏ်အကြီးအကဲများ၊  အငြိမ်းစား အရာထမ်းကြီးများကိုယ်စား မြန်မာ နိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ အငြိမ်း စားများ ဖြစ်ကြသည့် ဦးကြည်အေး နှင့်  ဦးသန်းညိန်းတို့က   ဩဝါဒ အမှာစကား ပြောကြားသည်။


ယင်းနောက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌက(၇၁) နှစ်မြောက် နှစ်ပတ်လည်နေ့    အမှတ်တရ ဝန်ထမ်းများနှင့်    မိသားစုဝင်များ အတွက် ထောက်ပံ့ငွေများ၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်  ဝန်ထမ်းသား သမီးများ၏   ပညာသင်ထောက်ပံ့ ကြေးငွေများ၊    မြန်မာနိုင်ငံတော် ဗဟိုဘဏ်    ဝန်ထမ်းဟောင်းများ အသင်းသို့ ထောက်ပံ့သည့်လှူဒါန်း ငွေများကို   တာဝန်ရှိသူများထံ ပေးအပ်ပြီး   သုတေသနစာတမ်း ဖတ်ပွဲတွင် အကောင်းဆုံးစာတမ်း ထူးချွန်ဆုရရှိသူ၊ ၂၀၂၂ -  ၂၀၂၃  ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း တွင် သုံးဘာသာ ဂုဏ်ထူးရရှိခဲ့သူ၊ Myanmar Pay Logo Award ဆု ရရှိသူတို့ကို ဂုဏ်ပြုဆုများ  ပေးအပ် ချီးမြှင့်သည်။


ဆက်လက်၍  ဒုတိယဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများက   အလယ် အလတ်အဆင့်             အရာထမ်း သင်တန်းတွင် သင်တန်းသား စံပြ ဆုရရှိသူ၊   ဒုတိယဆု   ရရှိခဲ့သူ၊ Incident Handling Intrusion Detection သင်တန်းတွင် ဒုတိယ ဆုရရှိသူ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် သင်တန်းများတွင် ထူးချွန်ဆု ရရှိခဲ့ သူများကို  ဆုများ  ပေးအပ်ချီးမြှင့် ခဲ့ကြောင်းနှင့်    ဝန်ထမ်းများအား ကံစမ်းမဲ       ဖောက်ပေးခဲ့ကြောင်း သိရသည်။                  

သတင်းစဉ်