မြန်မာ-ဖိလစ်ပိုင်နှစ်နိုင်ငံအကြား လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုအခြေအနေများဆွေးနွေး

 

နေပြည်တော်   ဇူလိုင်   ၁


လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန     ဒုတိယ ဝန်ကြီး ဦးဌေးလှိုင်သည် ဖိလစ်ပိုင် နိုင်ငံ   နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး  မစ္စတာ အဲကွာဒို ဟိုဆေးဒီဗေဒဂါ  ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်   ဇွန်   ၃၀ ရက်တွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာနအစည်းအဝေး ခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။


တွေ့ဆုံပွဲသို့       အမျိုးသား မှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်  ဦးထိန်ဝင်း၊ ပြည်သူ့အင်အား      ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်   ဦးကျော် ယဉ်ဦးနှင့်        တာဝန်ရှိသူများ တက်ရောက်ကြသည်။


တွေ့ဆုံစဉ် မြန်မာ-ဖိလစ်ပိုင် နှစ်နိုင်ငံအကြား လူဝင်မှုကြီးကြပ် ရေးဆိုင်ရာလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်မှုအခြေအနေ၊ နှစ်နိုင်ငံ ပြည်ဝင်ဗီဇာခွင့်ပြုဆောင်ရွက်ပေးမှုနှင့် မြန်မာနိုင်ငံအတွင်းရောက်ရှိနေသည့်       ဖိလစ်ပိုင်နိုင်ငံသား များ၏ နေခွင့်သက်တမ်းတိုးမြှင့် ဆောင်ရွက်ပေးမှု      အခြေအနေ၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများနှင့် လူကုန်ကူးမှု  တားဆီးကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းများတွင် ဝန်ကြီးဌာနအနေဖြင့်   ပူးပေါင်း ပါဝင်ဆောင်ရွက်မှု  အခြေအနေ၊ လူကုန်ကူး     ခံရသူများအတွက်  နှစ်နိုင်ငံ         အပြန်အလှန်ကူညီ ဆောင်ရွက်   ပေးနိုင်ရေးတို့နှင့် စပ်လျဉ်း၍       ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


သတင်းစဉ်