ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ Mr. Solonetsky Vitaly ဦးဆောင်သည့် စီးပွားရေးကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

 

နေပြည်တော် ဇူလိုင်   ၁


ရင်းနှီးမြှုပ်နှံမှုနှင့်     နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်သည်   ရုရှား - မြန်မာ ချစ်ကြည်ရေးနှင့်      ပူးပေါင်း ဆောင်ရွက်ရေးအသင်း   ဒုတိယ ဥက္ကဋ္ဌ   Mr. Solonetsky Vitaly ဦးဆောင်သော စီးပွားရေးကိုယ်စား လှယ်အဖွဲ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ   အဆိုပါဝန်ကြီး ဌာန၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုများ ဆောင်ရွက်ရာတွင် ငွေပေးချေမှု စနစ်     လွယ်ကူချောမွေ့စေရေး၊ သတင်းအချက်အလက်နှင့် နည်း ပညာနယ်ပယ်တွင်      ပုဂ္ဂလိက ကုမ္ပဏီများနှင့်    ရင်းနှီးမြှုပ်နှံမှု များ တိုးမြှင့်ပူးပေါင်းဆောင်ရွက်ရေး၊    စီးပွားရေးလုပ်ငန်းများ အချင်းချင်း      တွေ့ဆုံဆွေးနွေးမှု (Business    Matching)   များ ဆောင်ရွက်ရေး၊    မြန်မာနိုင်ငံရှိ အသေးစား၊ အငယ်စားနှင့် အလတ် စား   စီးပွားရေးလုပ်ငန်းများ၏ ဖွံ့ဖြိုးမှုကို အထောက်အကူပြုစေ မည့်  မြန်မာ့စားသောက်ကုန်နှင့် အဖျော်ယမကာ  ထုတ်ကုန်များကို  ရုရှားနိုင်ငံသို့ တင်ပို့ရောင်းချရေး နှင့် ဈေးကွက်ရရှိရေး၊ မြန်မာနိုင်ငံ ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီဆိုင်ရာ ဥပဒေ၊    လုပ်ထုံးလုပ်နည်းများ ရုရှားစီးပွားရေး လုပ်ငန်းရှင်များ ထံသို့  သိရှိပျံ့နှံ့စေရေးကိစ္စရပ် များနှင့်စပ်လျဉ်း၍    အမြင်ချင်း ဖလှယ်ဆွေးနွေးကြသည်။


တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန     ဒုတိယဝန်ကြီး၊ အဆင့်မြင့်   အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။


သတင်းစဉ်