နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရိုးရိုးယဉ်ယဉ် မြန်မာ့အသွင်၊ ရောင်စုံခြယ်သ မြန်မာအမျိုးသမီးများအလှ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုပြပွဲသို့ တက်ရောက်အားပေး

 

နေပြည်တော်   ဇူလိုင်   ၁


ဇူလိုင် ၃ ရက်တွင်  ကျရောက်မည့်  မြန်မာအမျိုးသမီးများ    နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရိုးရိုး ယဉ်ယဉ် မြန်မာ့အသွင်၊ ရောင်စုံ ခြယ်သ    မြန်မာအမျိုးသမီးများ အလှဝတ်စားဆင်ယင်ထုံးဖွဲ့မှုပြပွဲ ကို  ယနေ့  မွန်းလွဲ ၁  နာရီတွင် နေပြည်တော်ရှိ   မြန်မာအပြည် ပြည်ဆိုင်ရာကွန်ဗင်းရှင်း   ဗဟို ဌာန- ၂ ၌ကျင်းပရာ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ    အဖွဲ့ချုပ်   ဂုဏ်ထူးဆောင်နာယက နိုင်ငံတော် စီမံအုပ်ချုပ်ရေး     ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏     ဇနီး  ဒေါ်ကြူကြူလှ    တက်ရောက် အားပေးသည်။

 


အခမ်းအနားသို့    ဂုဏ်ထူး ဆောင်နာယကများဖြစ်ကြသည့် ဒေါ်ခင်သက်ဌေး၊  ဒေါ်သန်းသန်း နွယ်၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး   ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၏ ဇနီး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး   ရဲဝင်းဦး၏    ဇနီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့်ဇနီးများ၊     ဥပဒေ ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊   မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ    လူမှု ဝန်ထမ်း၊    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန   ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုဝန်ကြီးများ၏ ဇနီး များ၊ နေပြည်တော်တိုင်းစစ်ဌာချုပ် တိုင်းမှူး၏ဇနီး၊ ဒုတိယဝန်ကြီး များနှင့် ဇနီးများ၊  ဝန်ကြီးဌာန အသီးသီးမှ      အကြီးအကဲများ၊ ဝန်ထမ်းများ၊    တက္ကသိုလ်များ နှင့် အခြေခံပညာကျောင်းများမှ အုပ်ချုပ်သူများနှင့် ကျောင်းသား ကျောင်းသူများ၊ မြန်မာနိုင်ငံအမျိုး သမီးရေးရာအဖွဲ့ချုပ်နှင့်  အမျိုး သမီးအဖွဲ့အစည်းများမှ  တာဝန် ရှိသူများ၊ နိုင်ငံကျော်အနုပညာရှင် များ၊   အဆိုတော်များ၊   ဒီဇိုင်နာ များနှင့်    ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 


ဖျော်ဖြေတင်ဆက် 


အခမ်းအနားတွင်   မြန်မာ အမျိုးသမီးများနေ့ တေးသီချင်း အပါအဝင်    တေးသီချင်းများ၊ နိုင်ငံကျော်ဒီဇိုင်နာများ   ဖန်တီး ထားသည့် “တူစုံဆင်နွှဲ မင်္ဂလာပွဲ” ခေါင်းစဉ်ဖြင့် ဝတ်စား ဆင်ယင်မှု၊ “တည်ငြိမ်လှစွာ ချစ်စရာ ဘယ်ခါ မရိုး မြန်မာရင်ဖုံး” ခေါင်းစဉ်ဖြင့် ဝတ်စားဆင်ယင်မှုများ၊ တစ်ခန်း ရပ်ပြဇာတ်များနှင့်   နိုင်ငံကျော် အဆိုတော်များက   တေးသီချင်း များဖြင့် သီဆိုဖျော်ဖြေတင်ဆက် ပြသကြသည်။

 


ထို့နောက် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်   ဂုဏ်ထူး ဆောင်နာယက ဒေါ်ကြူကြူလှနှင့် ဂုဏ်ထူးဆောင်နာယကများက မြန်မာနိုင်ငံ  အမျိုးသမီးရေးရာ အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့်  အတွင်းရေးမှူး ထံသို့   ဂုဏ်ပြုပန်းစည်း   ချီးမြှင့် သည်။  

 


 ပေးအပ်ချီးမြှင့်


ယင်းနောက် မြန်မာနိုင်ငံလုံး ဆိုင်ရာ   အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ နာယကနှင့်  အတွင်းရေးမှူးတို့ က ဖျော်ဖြေတင်ဆက်ပေးကြသော အနုပညာရှင်များအား    ဂုဏ်ပြု ပန်းစည်း     ပေးအပ်ချီးမြှင့်ပြီး အခမ်းအနားအစီအစဉ် ပထမပိုင်း ကို ခေတ္တရပ်နားခဲ့သည်။ 

 


ယင်းနောက်  အခမ်းအနား ဒုတိယပိုင်း       အစီအစဉ်ကို ဆက်လက်ကျင်းပရာ ဖိတ်ကြား ထားသော အနုပညာရှင်များက “ခေတ်အမြင် ခေတ်အသွင် ခေတ် သဘင်” အငြိမ့်အပါအဝင်   တေး သီချင်းများ၊   ပြဇာတ်များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်