
နေပြည်တော် ဇွန် ၃၀
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် တွင် ငွေကျပ်သိန်း ၁၆၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူ ၆ ဒသမ ၆ ကီလိုနှင့် ဘိန်းစိမ်း ၂ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များ ပါဝင်သော ပူးပေါင်းအဖွဲ့ သည် ဇွန် ၂၃ ရက် ညနေ ၆ နာရီ က ကချင်ပြည်နယ် မိုးညှင်းမြို့ နယ် နန့်စီးအောင် ပူးပေါင်းစစ်ဆေး ရေးဂိတ်တွင် မန္တလေးမှ ဟိုပင် မြို့ဘက်သို့ အေးမင်းအောင်(ခ)မင်းမင်း မောင်းနှင်ပြီး ဦးကြည် လိုက်ပါလာသည့် Canter ခြောက်ဘီး မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၁၆၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၆ ဒသမ ၆ ကီလိုနှင့် ဘိန်းစိမ်း ၂ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေး ဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများကို ရှမ်း ပြည်နယ်မှ ကချင်ပြည်နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်းသိရှိ ရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှု ကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ် လျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
သတင်းစဉ်