
ပဲခူး ဇွန် ၃၀
ပဲခူးမြို့ မြို့တော်ခန်းမ၌ ယနေ့ နံနက်ပိုင်းက ၂၀၂၂ -၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်စွာ အောင်မြင်သူများအား ဂုဏ်ပြု ချီးမြှင့်ပွဲကျင်းပသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီး ချုပ်ဦးမျိုးဆွေဝင်းက ဂုဏ်ပြုဩဝါဒ စကားပြောကြားပြီး တက္ကသိုလ် ဝင် စာမေးပွဲတွင် ၅ ဘာသာနှင့် ၄ ဘာသာ ဂုဏ်ထူးရရှိသူများ အားလည်းကောင်း၊ တိုင်းဒေသ ကြီး တရားလွှတ်တော် တရား သူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများက ၄ ဘာသာဂုဏ်ထူး ရရှိသူများအား လည်းကောင်း၊ တာဝန်ရှိသူများက ၃ ဘာသာ ဂုဏ်ထူးရရှိသူများအား လည်း ကောင်း ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့် သည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၂-၂၀၂၃ ခုနှစ် တက္ကသိုလ် ဝင်စာမေးပွဲတွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၂၃၉၅ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ၈၅၃၁ ဦး အောင်မြင်ခဲ့ရာ အောင်မြင်မှု ၆၈ ဒသမ ၈၃ ရာခိုင်နှုန်းရရှိခဲ့ပြီး ဘာသာရပ်အလိုက် ဂုဏ်ထူးရရှိ မှုအနေဖြင့် ၅ ဘာသာဂုဏ်ထူး ရရှိသူ ၁၉ ဦး၊ ၄ ဘာသာဂုဏ်ထူး ရရှိသူ ၁၁၄ ဦး၊ ၃ ဘာသာဂုဏ်ထူး ရရှိသူ ၃၉၃ ဦး ရရှိခဲ့သဖြင့် ပဲခူး တိုင်းဒေသကြီးအစိုးရအဖွဲ့က စုစု ပေါင်း ငွေကျပ် ၈၆၅၀၀၀၀၀ ဂုဏ်ပြု ချီးမြှင့်ခဲ့ကြောင်း သိရ သည်။ တိုင်းဒေသကြီး(ပြန်/ဆက်)