
နေပြည်တော် ဇွန် ၃၀
တက္ကသိုလ်လက်ရွေးစင်မှသည် မြန်မာ့လက်ရွေးစင်ဆီသို့ ဟူသော ဦးတည်ချက်ဖြင့် ကျင်းပလျက်ရှိသည့် ၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲ အဋ္ဌမနေ့ ကွာတားဖိုင်နယ် ရှုံးထွက် ပွဲစဉ်များကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေး ကွင်းများ၌ ကျင်းပရာ ပြိုင်ပွဲဝင်အသင်းများ ဆက်လက်ယှဉ်ပြိုင် ကစားကြသည်။
နံနက်ပိုင်းတွင် လေ့ကျင့်ရေး ကွင်း အမှတ်(၁)၌ ပညာရေး ဝန်ကြီးဌာန(က) အသင်းနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေး ဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပညာရေး ဝန်ကြီးဌာန(က)အသင်းက ရှစ်ဂိုး- သုံးဂိုးဖြင့် အနိုင်ရရှိသွားသည်။
ထို့အတူ လေ့ကျင့်ရေး ကွင်း အမှတ်(၃)၌ နယ်စပ်ရေးရာဝန်ကြီး ဌာနအသင်းနှင့် ကျန်းမာရေး ဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင် ကစားကြရာ နယ်စပ်ရေးရာ ဝန်ကြီးဌာနအသင်းက လေးဂိုး- နှစ်ဂိုးဖြင့် အနိုင်ရရှိသွားသည်။
ညနေပိုင်းတွင် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ လေ့ကျင့်ရေး ကွင်းအမှတ် (၃)၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနအသင်းနှင့် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန(ခ)အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ တစ်ဖက် နှစ်ဂိုးစီဖြင့် သရေကျနေသဖြင့် ပယ်နယ်တီ အဆုံးအဖြတ်ခံယူရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနအသင်းက ခုနစ်ဂိုး- ငါးဂိုးဖြင့် အနိုင်ရရှိသွားသည်။
အလားတူ ဝဏ္ဏသိဒ္ဓိ အား ကစားကွင်းရှိ လေ့ကျင့်ရေးကွင်း အမှတ်(၁)၌သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနအသင်းနှင့် ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနအသင်းတို့ ယှဉ်ပြိုင်ကစား ကြရာ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနအသင်းက တစ်ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိသွားသည်။
ယနေ့ကျင်းပသည့် ကွာတား ဖိုင်နယ် ရှုံးထွက်ပွဲစဉ်များသို့ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကျော်၊ ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်းအတွင်း ဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ပြိုင်ပွဲ ကျင်းပရေး ကော်မတီဝင်များ နှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အသင်းများမှ အားကစားသမား များ၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူ၊ ဆရာ ဆရာမများ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဝန်ထမ်းမိသားစုများနှင့် ဝါသနာ ရှင်ပြည်သူများ လာရောက်ကြည့်ရှု အားပေးကြသည်။
ဇူလိုင် ၁ ရက်တွင် ပြိုင်ပွဲ ခေတ္တရပ်နားမည်ဖြစ်ပြီး ဇူလိုင် ၂ ရက် နံနက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိ ဘောလုံးကွင်း၌ အကြိုဗိုလ်လု ပွဲစဉ်များအဖြစ် နယ်စပ်ရေးရာ ဝန်ကြီးဌာနအသင်းနှင့် ပညာရေး ဝန်ကြီးဌာန(က)တို့ ယှဉ်ပြိုင် ကစားကြမည်ဖြစ်ပြီး ညနေပိုင်း တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အသင်း နှင့် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနအသင်းတို့ ဆက်လက် ယှဉ်ပြိုင် ကစားကြမည်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်