ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦး ပြလို့ရေနံအစမ်းတွင်းနှင့် အမှတ်(၃)ဓာတ်မြေဩဇာစက်ရုံ(ကျော်စွာ) တို့ကို ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   ဇွန်   ၂၉


စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးသည် တာဝန်ရှိသူများနှင့်အတူ  ယနေ့တွင် မကွေး တိုင်းဒေသကြီးအတွင်း   မြန်မာ့ရေနံနှင့်  သဘာဝဓာတ်ငွေ့လုပ်ငန်းမှ  တူးဖော်လျက်ရှိသော  ပြလို့ရေနံ အစမ်းတွင်းများနှင့်    မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းလက်အောက်ရှိ    အမှတ် (၃) ဓာတ်မြေဩဇာစက်ရုံ (ကျော်စွာ) တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 


ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြလို့ ရေနံအစမ်းတွင်းဒေသသို့ ရောက်ရှိပြီး မြန်မာ့ရေနံ နှင့်   သဘာဝဓာတ်ငွေ့လုပ်ငန်းပိုင်    တွင်းတူးစက် အမှတ်  D3  T2  Series  2  ဖြင့်  တူးဖော်နေသော တွင်းအမှတ် NW-1-1 ၏ တွင်းတူးဖော်နေမှု အခြေ အနေကို ကြည့်ရှုစစ်ဆေးရာ မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းမှ ပညာရှင်များက တွင်းတူးဖော်ရ သည့်   ဘူမိဗေဒနှင့်   ဘူမိရူပဗေဒဆိုင်ရာ  အချက် အလက်များနှင့် တွင်းတူးဖော်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

 


တင်ပြမှုများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး က မြေအောက်ဘူမိဗေဒအခြေအနေများကို လေ့လာ လမ်းညွှန်ပြီး တွင်းတူးဖော်မှုကြောင့် ပတ်ဝန်းကျင်  ထိခိုက်မှုမဖြစ်စေရေး၊     လုပ်ငန်းခွင်ဧရိယာလုံခြုံ ရေးတို့ကိုမှာကြားပြီး ဝန်ထမ်းများကို အမှတ်တရ သစ်သီးခြင်းနှင့်    အင်အားဖြည့်     အစားအစာများ ပေးအပ်သည်။ 

 


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည်  တွင်းတူးစက်အမှတ် ZJ 50D Series 2 ဖြင့် တူးဖော် ပြီးစီးခဲ့သော တွင်းအမှတ် NW-3-1 ၏ စမ်းသပ်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ မြန်မာ့ရေနံ နှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ တာဝန်ရှိသူများက စမ်းသပ်ဆောင်ရွက်နေမှု         အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး     ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို   မှာကြား၍   ဝန်ထမ်းများကို အမှတ်တရ  သစ်သီးခြင်းနှင့်   အင်အားဖြည့်အစား အစာများ ပေးအပ်သည်။ 

 


ယင်းနောက်    ပြည်ထောင်စုဝန်ကြီးနှင့်   အဖွဲ့ သည် အမှတ် (၃) ဓာတ်မြေဩဇာစက်ရုံ (ကျော်စွာ) အစည်းအဝေးခန်းမ၌  ဝန်ထမ်းများနှင့်  တွေ့ဆုံရာ စက်ရုံမှူးက   စက်ရုံ၏   ယခင်လည်ပတ်ထုတ်လုပ် နိုင်ခဲ့မှု    အခြေအနေ၊   ရပ်ဆိုင်းခဲ့သော    စက်ရုံကို ပြန်လည်လည်ပတ်နိုင်ရေး          ပြုပြင်ဆောင်ရွက်ခဲ့ရ သည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

 


ဆက်လက်၍  မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း  ဦးဆောင်ညွှန်ကြားရေးမှူးက ယခုအခါ စက်ရုံမှ CO2 ထုတ်လုပ်နိုင်သည့် အခြေအနေသို့ ပြန်လည်ရောက်ရှိ နေမှု၊    စက်ရုံကို      ပြန်လည်    လည်ပတ်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက်     အဓိကထား ဆောင်ရွက်ခဲ့မှု၊ Process အဆင့်ဆင့်ကို စနစ်တကျ ကူးပြောင်းဆောင်ရွက်နေမှု၊     မကြာမီ   ယူရီးယား ဓာတ်မြေဩဇာ ထွက်ရှိမည်ဖြစ်ပြီး စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်ရေး    ကြိုးပမ်းဆောင်ရွက်သွားမည့်  အစီအစဉ်၊ လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးတိုးတက်  ရေးအတွက်    စနစ်တကျ   လေ့ကျင့်သင်ကြားပေး နေမှုများကို ဖြည့်စွက်တင်ပြသည်။

 


ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော် ၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည့်     ယူရီးယားဓာတ်မြေဩဇာများအား ပြည်တွင်းမှ     ပိုမိုတိုးတက်ထုတ်လုပ်ရန်အတွက် အမှတ် (၃) ဓာတ်မြေဩဇာစက်ရုံ (ကျော်စွာ)    ကို လည်ပတ်ရန် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ စက်ရုံ လည်ပတ်ထုတ်လုပ်မှုသည် Reaction အဆင့်ဆင့်  ဓာတ်ပြုထုတ်လုပ်ရသော    စက်ရုံဖြစ်သောကြောင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး ဂရုပြုဆောင်ရွက် ကြရန်ဖြစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရေး အလေးထား ဆောင်ရွက်ကြရန်လိုကြောင်း မှာကြားပြီး  စက်ရုံရှိ အရာထမ်း၊ အမှုထမ်းများကို အမှတ်တရ သစ်သီးခြင်းနှင့် အင်အားဖြည့် အစား အစာများ ပေးအပ်သည်။

 


ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စက်ရုံပြန်လည်လည်ပတ်နိုင်ရေး စက်ပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး   လိုအပ်သည်များ    မှာကြားခဲ့ကြောင်း သိရသည်။  

  
သတင်းစဉ်