
နေပြည်တော် မတ် ၇
နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာ မောင်မောင်နိုင်သည် ယနေ့ နံနက်ပိုင်းက နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန် ဦးမောင် မောင် နှင့် တာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့၊ ပျဉ်းမနားမြို့နှင့် တပ်ကုန်းမြို့များရှိ ဘုန်းတော်ကြီး ကျောင်းတိုက်များသို့ သွားရောက် ဖူးမြော်ကြည်ညိုသည်။
ရှေးဦးစွာ နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိ သူများသည် လယ်ဝေးမြို့ အမှတ် (၆)ရပ်ကွက် ပေါက်မြိုင် ကျောင်းတိုက် ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဇနိန္ဒ အရှင်သူမြတ်ထံသို့လည်းကောင်း၊ ပျဉ်းမနားမြို့ ရွာကောက် ရပ်ကွက် ပါဠိတက္ကသိုလ်မင်္ဂလာဇေယျုံပရိယတ္တိ စာသင်တိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဝိမလဗုဒ္ဓိ အရှင်သူမြတ်ထံသို့ လည်းကောင်း၊ တပ်ကုန်းမြို့ ဆရာစံရပ်ကွက်ရှိ မဟာသီဟနာဒ တိုက် ပဓာန နာယကဆရာတော် သာသနဓဇဓမ္မာစရိယ၊ အဘိဓဇ မဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ မဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂ မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ အာစိဏ္ဏ အရှင်သူမြတ်ထံသို့ လည်းကောင်း။
ဆက်ကပ်လှူဒါန်း
ရွှေအင်းရိပ်သာစာသင်တိုက် ပဓာနနာယကဆရာတော် ဂန္ထ ဝါစကပဏ္ဍိတ၊ မဟာဂန္ထဝါစက ပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တနေမိန္ဒ အရှင် သူမြတ်နှင့် နေပြည်တော် တိုင်းသံဃနာယက ဥက္ကဋ္ဌ၊ ဂန္ထဝါစကပဏ္ဍိတ၊ မဟာဂန္ထ ဝါစကပဏ္ဍိတ၊ အဂ္ဂမဟာ ဂန္ထ ဝါစကပဏ္ဍိတ ဘဒ္ဒန္တပညာသာမိ အရှင်သူမြတ်များထံသို့ လည်း ကောင်း သွားရောက်ဖူးမြော်ပြီး ဆရာတော် အရှင်သူမြတ်များ ထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ဆရာတော် အရှင်သူမြတ်များက ဟောကြားတော်မူသော ဩဝါဒ ကထာ နာယူခဲ့ကြကြောင်း သိရ သည်။
သတင်းစဉ်