ခရီးသွားပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ဆိုင်ရာ သတ်မှတ်စည်းမျဉ်းစည်းကမ်းများအတိုင်း ခရီးသွားလာပါက ခရီးသွားနှင့် လုပ်ငန်းရှင်များအနေဖြင့် အထိုက်အလျောက်အကျိုးရှိမည်

နေပြည်တော် မတ် ၇ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ Aureum Place Hotel အစည်း အဝေးခန်းမ၌ ကျင်းပသည်။ တက်ရောက် အစည်းအဝေးသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင် အုန်း၊ ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ပြင်ဦးလွင်ဇုန်)၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင် များအသင်း (မန္တလေးဇုန်) နှင့် မြန်မာနိုင်ငံစားသောက် ဆိုင် လုပ်ငန်းရှင်များအသင်း(ပြင်ဦးလွင်ဇုန်)တို့မှ နာယက၊ ဥက္ကဋ္ဌများနှင့် ခရီးလှည့်လည်ရေး လုပ်ငန်းကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။ ပူးပေါင်းပါဝင်ဆောင်ရွက် အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ကိုဗစ်-၁၉ ကြောင့် အခြား သော နိုင်ငံများနည်းတူ မြန်မာနိုင်ငံ၌လည်း ခရီးသွား လုပ်ငန်းနှင့်ဆက်စပ်နေသည့် လုပ်ငန်းနယ်ပယ်များ တွင် များစွာထိခိုက်နစ်နာခဲ့ရပြီး ခရီးသွားလုပ်ငန်း ၏ သက်ရောက်မှုသည် Multiplier Effect ဖြစ်သောကြောင့် ခရီးသွားလုပ်ငန်းရပ်တန့်မှုနှင့် အတူ အခြားသော ဆက်စပ်လုပ်ငန်းများဖြစ်သည့် ဟိုတယ်၊ စားသောက်ဆိုင်၊ ဧည့်လမ်းညွှန်၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများမှအစ ခေါင်းရွက်ဗျပ်ထိုး ဈေးသည်အဆုံး ထိခိုက်ဆုံးရှုံးခဲ့ရပါကြောင်း၊ ဝန်ကြီး ဌာနအနေဖြင့် အဆိုပါ ဆုံးရှုံးမှုများကို အမြန်ဆုံး ကုစားဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီး နှင့်ပြည်နယ်များအလိုက် တစ်ပြေးညီ ဟိုတယ်များ ပြန်လည်ဖွင့်လှစ်နိုင်ရန်နှင့် ခရီးသွားလာရေး လုပ်ငန်းများ အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်နိုင်ရေး အတွက် လာရောက်ခြင်းဖြစ်ပါကြောင်း၊ ဟိုတယ် များ ပြန်လည်ဖွင့်လှစ်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများအတိုင်း မပေါ့မလျော့ ဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ ကိုဗစ်-၁၉ ကာလအလွန်တွင် ခရီးသွားပြည်သူများအနေဖြင့် လည်း ကိုဗစ်-၁၉ ဆိုင်ရာ သတ်မှတ်စည်းမျဉ်းစည်း ကမ်းများအတိုင်း ခရီးသွားလာပါက ခရီးသွားနှင့် လုပ်ငန်းရှင်များအနေဖြင့် အထိုက်အလျောက် အကျိုးရှိမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင် အသင်းများအပါအဝင် လုပ်ငန်းရှင်များနှင့် ပူးပေါင်း ၍ ဟိုတယ်နှင့်ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဟိုတယ်နှင့်ခရီးသွား ကဏ္ဍ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရန်အတွက် အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များမှ နားလည်မှု၊ ယုံကြည်မှုဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးစေလိုပါကြောင်း။ ခရီးစဉ်ဒေသသစ်များ ရှာဖွေ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ခရီးသွားဧည့်သည်များ ခရီးစဉ်ဒေသများသို့ လာရောက်လည်ပတ်ချင်စိတ် ဖြစ်ပေါ်အောင် ရှိပြီး သည့်ခရီးစဉ်ဒေသများကို အဆင့်မြှင့်တင်ဆောင် ရွက်သကဲ့သို့ ခရီးစဉ်ဒေသသစ်များ ရှာဖွေဖော်ထုတ် ရန် လိုအပ်ပါကြောင်း၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်နိုင်ရန် တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူ များ၊ အသင်းအဖွဲ့များနှင့် လုပ်ငန်းရှင်များမှ လုပ်ငန်း လိုအပ်ချက်များ၊ အခက်အခဲများကို ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြပေးရန် ပြောကြား သည်။ ထို့နောက် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင် ကျော်က ခရီးသွားလုပ်ငန်းပြန်လည်စတင်ရာတွင် ကိုဗစ်-၁၉ သတ်မှတ်ချက်များနှင့်အညီ ဟိုတယ် များ ပြန်လည်ဖွင့်လှစ်နိုင်ရေး စစ်ဆေးခံနိုင်ရန် ဆောင်ရွက်မည့် အချက်များနှင့် ခရီးသွားများ ဆွဲဆောင်မှုရှိစေရန် ဆောင်ရွက်ရမည့် အခြေအနေ များနှင့် ခရီးစဉ်ဒေသသစ်များ ဖော်ထုတ်နိုင်မည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြင်ဦးလွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မောင်ဝင်းက (Destination Management Organization-DMO) ဖွဲ့စည်းထားရှိမှု၊ ကိုဗစ်-၁၉ စည်းမျဉ်း စည်းကမ်း များနှင့်အညီ ဘုရားများ ပြန်လည်ဖွင့်လှစ်ထားရှိ မှု၊ စားသောက်ဆိုင်များ ပြန်လည်ဖွင့်လှစ်ထားရှိမှု နှင့် ဟိုတယ်များ အမြန်ပြန်လည်ဖွင့်လှစ်နိုင်ရေးတို့ကို ဆွေးနွေးတင်ပြသည်။ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေး ယင်းနောက် အစည်းအဝေးသို့တက်ရောက် လာကြသည့် အသင်းအဖွဲ့များမှ နာယက၊ ဥက္ကဌ နှင့် အတွင်းရေးမှူးများမှ ဟိုတယ်များ ပြန်လည် ဖွင့်လှစ်လိုမှု၊ ရာသီအလိုက် ပွဲတော်များဆောင်ရွက် လိုသည့်အခြေအနေ၊ ဒေသဆိုင်ရာ ဧည့်လမ်းညွှန် သင်တန်းဖွင့်လှစ်ပေးစေလိုသည့် အခြေအနေ၊ Golf Tour နှင့် Trekking Tour များ ဆောင်ရွက် ပေးစေလိုသည့် အခြေအနေများ အသီးသီး ဆွေးနွေး တင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နန်းမြိုင် ဟိုတယ်သို့ သွားရောက်ကြည့်ရှုပြီး ဟိုတယ်အတွင်း၊ အပြင် သန့်ရှင်းသာယာလှပစေရေး လိုအပ်သည်များ ပြင်ဆင်ဆောင်ရွက်ထားရှိရန် မှာကြားသည်။ လှည့်လည်ကြည့်ရှု ဆက်လက်၍ ဖွင့်လှစ်လျက်ရှိသော ကန်တော် ကြီး အမျိုးသားရုက္ခဗေဒဥယျာဉ်သို့ ရောက်ရှိရာ တာဝန်ရှိသူများက ဥယျာဉ်အတွင်း ပန်းအလှပင်များ လှပဝေဆာစွာ စိုက်ပျိုးထားရှိမှုနှင့် ဥယျာဉ် စိမ်းလန်းစိုပြည်စွာ ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းပြသခဲ့ပြီး ဥယျာဉ်အတွင်းရှိ ကျောက်ဖြစ် ရုပ်ကြွင်းပြတိုက်၊ သစ်ခွပြတိုက်နှင့် လိပ်ပြာပြတိုက် တို့အား လှည့်လည်ကြည့်ရှုသည်။ ထို့နောက် Hotel Pyin Oo Lwin ကို ကိုဗစ်-၁၉ ဆိုင်ရာ သတ်မှတ်စည်းမျဉ်းစည်းကမ်းချက်များ နှင့်အညီ ပြန်လည်ဖွင့်လှစ်ရန် ဆောင်ရွက်ထားရှိ မှုများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။ သတင်းစဉ်