မေဆင်မောင့်အတွက် မန်ယူအသင်း၏ တတိယကြိမ်ကမ်းလှမ်းမှု ချယ်ဆီး ထပ်မံပယ်ချ

 

မန်ယူအသင်းသည်   ကွင်းလယ် ကစားသမား မေဆင်မောင့်အတွက်  ပေါင်   ၅၅ သန်းဖြင့်   တတိယ အကြိမ်မြောက်   ကမ်းလှမ်းလိုက် သော်လည်း   ချယ်ဆီးက   ထပ်မံ ပယ်ချလိုက်ကြောင်း သိရသည်။ 
ချယ်ဆီး      အသင်းသည် အင်္ဂလန်   ကစားသမားအတွက် အပိုဆုကြေးများအပြင်   အနည်း ဆုံး ပေါင် ၅၈ သန်း   အလိုရှိနေ သည်။ မန်ယူအသင်းသည် အဆိုပါ ကစားသမားအတွက်  ကမ်းလှမ်းမှု နှစ်ကြိမ်တွင် ပေါင်သန်း ၄၀ နှင့် ပေါင်သန်း ၅၀ ဖြစ်ကြောင်း သိရ သည်။ မန်ယူ     အသင်းနည်းပြ တန်ဟတ်သည် မေဆင်မောင့်ကို ခေါ်ယူကာ အသင်းကို အားဖြည့်လို နေသည်။ မောင့်သည် ၂၀၁၉ ခုနှစ် တွင် ချယ်ဆီးအသင်းနှင့် ပွဲဦးထွက် ကစားပြီးနောက်   အသင်းအတွက် ၁၉၅ ပွဲ  ပါဝင်ကစားထားပြီး ၃၃ ဂိုး သွင်းယူပေးထားသူဖြစ်သည်။ 
အင်္ဂလန်အသင်းအတွက် ၃၆ ပွဲ ပါဝင်ကစားထားသော မောင့် သည် ၂၀၂၁   ခုနှစ်တွင်  ချယ်ဆီး အသင်းနှင့်အတူ   ချန်ပီယံလိဂ် ဖလားဆွတ်ခူးရရှိထားသည်။ ယခု အကြိမ်ကမ်းလှမ်းမှုကို  ချယ်ဆီး အသင်းက    ပယ်ချလိုက်သည့် အတွက် မန်ယူအသင်းအနေဖြင့် မေဆင်မောင့်အား     ခေါ်ယူရေး လက်လျှော့သွားဖွယ်ရှိသည်။        
အောင်ဇော်