နိုင်ငံဖြတ်ကျော်မှုခင်းများတွင် အဖွဲ့ဝင်နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများနှင့် နည်းပညာအကူအညီများ ဆွေးနွေး

နေပြည်တော် မတ် ၇ ဂျပန်နိုင်ငံ ကျိုတိုအပြည်ပြည် ဆိုင်ရာ ညီလာခံစင်တာ၌ ကျင်းပ သော 14th United Nations Congress on Crime Prevention and Criminal Justice သို့ ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင် ၍ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့ ပါဝင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်ကြ သည်။ ဆွေးနွေး ညီလာခံသို့ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ၊ လေ့လာသူများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း များ၊ အစိုးရမဟုတ်သော အဖွဲ့ အစည်းများနှင့် ပညာရှင်များ ပါဝင်တက်ရောက်ခဲ့ကြပြီး လူမှု စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြစ်မှုဆိုင်ရာ တရားမျှတမှုတွင် ကြုံတွေ့နေရသည့် စိန်ခေါ်မှု များနှင့် ဘက်ပေါင်းစုံချဉ်းကပ်မှု၊ တရားဥပဒေစိုးမိုးမှု တိုးတက် ကောင်းမွန်ရေးဆိုင်ရာ ကြိုးပမ်း ဆောင်ရွက်မှုများ၊ အကြမ်းဖက် မှုများ၊ လူကုန်ကူးမှုများနှင့် မူးယစ် ဆေးဝါး တားဆီးနှိမ်နင်းရေး စသည့် နိုင်ငံဖြတ်ကျော် မှုခင်း များတွင် အဖွဲ့ဝင်နိုင်ငံအချင်းချင်း ပူးပေါင်း ဆောင်ရွက်မှုများနှင့် နည်းပညာ အကူအညီများကို ဆွေးနွေးခဲ့ကြသည်။ သတင်းစဉ်