
မုံရွာ ဇွန် ၂၃
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ မုံရွာသူနာပြု-သားဖွားသင်တန်း ကျောင်း၊ သူနာပြုသားဖွား ဒီပလိုမာ (၂၈) ကြိမ်မြောက် သင်တန်းသား သင်တန်းသူများ ၏ ဂျူတီကုတ်နှင့် ဦးဆောင်း အပ်နှင်းပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် မုံရွာမြို့သူနာပြု- သားဖွား သင်တန်းကျောင်းရှိ ငါးထပ်ဆောင်ခန်းမ၌ ကျင်းပ ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ များ၊ မုံရွာ-သူနာပြုနှင့် သားဖွား သင်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျန်းမာရေး စောင့်ရှောက်မှုပေးနေသည့် အရည် အသွေး၊ အဆင့်အတန်း ပြောင်းလဲ တိုးတက်လာရန် တစ်ဦးနှင့် တစ်ဦး လေးစားစွာဆက်ဆံပြီး ပြည်သူများ၊ လူနာများ၏အသံ အကြံပြုချက်များကို အထူးဂရု ပြု အလေးထားပြီး လူတိုင်း လက်လှမ်းမီသည့် ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်သည့် သူများဖြစ်အောင် ကြိုးစားဆောင် ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။ (အပေါ်ပုံ)
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မုံရွာ-သူနာပြုနှင့် သားဖွား သင်တန်းကျောင်းအတွက် ကျောင်းအုပ် ဆရာမကြီးထံ ငွေကျပ် ၁၀ သိန်း ပေးအပ် ပြီး ဒုတိယနှစ် သင်တန်းသား သင်တန်းသူများက “ဂရုဏာ အလင်း” တေးသီချင်းဖြင့် ဖျော်ဖြေကာ မုံရွာ-သူနာပြုနှင့် သားဖွား သင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆုဆု ထိုက်က ဂျူတီကုတ်နှင့် ဦးဆောင်း အပ်နှင်းခြင်းဆိုင်ရာ များကို ရှင်းလင်းပြောကြား သည်။
ဆက်လက်၍ မုံရွာမြို့ ခုတင် ၅၀၀ ဆံ့ အထွေထွေရောဂါ ကုဆေးရုံကြီးမှ သူနာပြုအုပ်ကြီး ဒေါ်မာလာဦး၊ တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး (သူနာပြု) ဒေါ်မေစိုးနွယ်၊ မုံရွာသူနာပြုနှင့် သားဖွား သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဒေါ်ဆုဆုထိုက် နှင့် ခုတင် ၅၀၀ ဆံ့ အထွေထွေ ရောဂါကုဆေးရုံကြီးမှ သူနာပြု အုပ် ဒေါ်ထားထားဝင်းတို့က သူနာပြုသားဖွား ဒီပလိုမာ (ပထမ နှစ်) သင်တန်းသား သင်တန်းသူ ၂၄ ဦးအား ဂျူတီကုတ်နှင့်ဦးဆောင်း များ အပ်နှင်းခဲ့ကြပြီး သင်တန်း သား သင်တန်းသူများက သူနာပြု သစ္စာဓိဋ္ဌာန်ရွတ်ဆိုကြ သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပညာရည်ချွန် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသော သင်တန်း သား၊ သင်တန်းသူများထံ ဆု တံဆိပ်နှင့် ဂုဏ်ပြုမှတ်လွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရ သည်။
တိုင်းဒေသကြီး
(ပြန်/ဆက်)