
နေပြည်တော် ဇွန် ၂၃
၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန် စွာအောင်မြင်ခဲ့သည့် အလုပ် သမားဝန်ကြီးဌာနမှ ဝန်ထမ်းများ ၏ သား သမီး၊ ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့် ခြင်း အခမ်းအနားကို ယနေ့နံနက် ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ အလုပ် သမားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ဒုတိယ ဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ တာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများနှင့် ကျောင်းသား မိဘများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး က ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော် တည် ဆောက်ရာတွင် အသိပညာ၊ အတတ်ပညာ၊ ပင်ကိုအရည် အသွေး၊ စွမ်းရည်များနှင့် ပြည့်စုံ သည့် လူ့စွမ်းအားအရင်းအမြစ် များ မွေးထုတ်ပေးနိုင်သည့် ဘက်စုံ ပညာရေးကဏ္ဍကို မြှင့်တင် နိုင်ရန် ဦးတည်ကြိုးပမ်းလျက်ရှိ ကြောင်း၊ ပညာရေးသည် နိုင်ငံ၏ အဓိကကျသော အခြေခံအုတ်မြစ် ဖြစ်သည့်အတွက် မျိုးဆက်သစ် များ အဆက်ဆက် တိုးတက်လာ စေရန်အတွက် အသိပညာ၊ အတတ်ပညာရှင်များ စဉ်ဆက် မပြတ်မွေးထုတ်၍ ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံတော်ကို တည်ဆောက်ရမည်ဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းများ ၏ သား သမီး ၁၈ ဦး အောင်မြင် ခဲ့ပြီး လေးဘာသာ ဂုဏ်ထူးရရှိသူ တစ်ဦး၊ သုံးဘာသာ ဂုဏ်ထူးရရှိသူ သုံးဦး၊ တစ်ဘာသာ ဂုဏ်ထူးရရှိသူ သုံးဦးနှင့် ရိုးရိုးအောင်မြင်သူ ၁၁ ဦးတို့အတွက် ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ် ချီးမြှင့်မည်ဖြစ်ကြောင်းနှင့် အသိ အမှတ်ပြု ဂုဏ်ယူဝမ်းမြောက် ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့ က တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် လေးဘာသာဂုဏ်ထူးရရှိသူ တစ်ဦး၊ သုံးဘာသာဂုဏ်ထူးရရှိသူ သုံးဦး၊ တစ်ဘာသာဂုဏ်ထူးရရှိသူ သုံးဦး တို့ကို ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့် ကြပြီး အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက မိမိ တို့ဌာနအလိုက် ရိုးရိုးအောင်မြင်သူ ၁၁ ဦးတို့ကို ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ် ချီးမြှင့်ကြသည်။
ထို့နောက် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူများ ကိုယ်စား ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်