ခရီးသွားလုပ်ငန်းသည် နိုင်ငံခြားဝင်ငွေရရှိသည့် လုပ်ငန်းဖြစ်သည်နှင့်အညီ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြု

နေပြည်တော် မတ် ၆ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက မန္တလေးမြို့ Mandalay Swan Hotel အစည်းအဝေး ခန်းမ၌ ကျင်းပသည်။ အစည်းအဝေးသို့ ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင် မောင်အုန်း၊ မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များ အသင်း (မန္တလေး ဇုန်)၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ရှင်များအသင်း(မန္တလေး ဇုန်)၊ မြန်မာနိုင်ငံစားသောက် ဆိုင်လုပ်ငန်းရှင်များအသင်း (မန္တလေးဇုန်)နှင့် မြန်မာ နိုင်ငံ အမှတ်တရပစ္စည်း အရောင်းဆိုင်များအသင်း (မန္တလေးဇုန်) တို့မှ ဥက္ကဋ္ဌများနှင့် ဒုတိယဥက္ကဋ္ဌများ တက်ရောက်ကြသည်။ များစွာအထောက်အကူပြု အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မန္တလေးတိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဟိုတယ်များ တစ်ပြေးညီ ပြန်လည်ဖွင့်လှစ်ပြီး ခရီးသွားကဏ္ဍနှင့် ဆက်စပ်သည့်လုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရန်အတွက် ဝန်ကြီးဌာနအနေ ဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရန် လာရောက် ခြင်းဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်း ပြန်လည်စတင် ရာတွင် ပြည်တွင်းခရီးစဉ်ကို အဓိကထားဆောင်ရွက် သွားမည်ဖြစ်ပြီး ပြည်တွင်းခရီးသွားမြှင့်တင်ရာ တွင် ခရီးသွားများသာမက ခရီးသွားလုပ်ငန်းတွင် လုပ်ကိုင်နေသည့် ဝန်ထမ်းများအနေဖြင့်လည်း ကိုဗစ် - ၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဝန်ကြီး ဌာနအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်း များနှင့် UNWTO/WTTC စသည့် နိုင်ငံတကာ ခရီးသွားအဖွဲ့အစည်းများ၏ လမ်းညွှန်ချက်များကို ပေါင်းစပ်ပြီး Enchanting Myanmar Health and Safety Protocols ကို ရေးဆွဲထုတ်ပြန်ထားရှိပြီး ဖြစ်သဖြင့် ယင်းအစီအစဉ်အရ ဟိုတယ်များရှိ ဝန်ထမ်းများကို သင်တန်းများပေးခြင်း၊ Certificate များ ထုတ်ပေးခြင်း၊ ဟိုတယ်များအား ကိုဗစ်-၁၉ ကာကွယ်တားဆီးရေး စည်းမျဉ်းစည်းကမ်းများနှင့် အညီ စစ်ဆေးပြီးပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက် သွားမည်ဖြစ်သည့်အတွက် ဟိုတယ်လုပ်ငန်းရှင်များ အနေဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးစေလို ကြောင်း၊ ခရီးသွားလုပ်ငန်းသည် နိုင်ငံခြားဝင်ငွေရရှိ သည့် လုပ်ငန်းဖြစ်သည်နှင့်အညီ နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးကို များစွာအထောက်အကူပြုပါကြောင်း၊ မိမိတို့ နိုင်ငံတွင် ခရီးသွားလုပ်ငန်း အရင်းအမြစ်များ များစွာ ကြွယ်ဝသဖြင့် ခရီးသွားကဏ္ဍသစ်များ ဖော်ဆောင် ခြင်းအပါအဝင် ဈေးကွက်မြှင့်တင်ရေး၊ ဝန်ဆောင်မှု များ တိုးမြှင့်ရေးကိုလည်း အလေးထားဆောင်ရွက် ရန် လိုအပ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုးစုများ၏ ရိုးရာယဉ်ကျေးမှုကို ဖော်ထုတ်နိုင်ပြီး ဒေသခံပြည်သူ လူထုကို တိုက်ရိုက်အကျိုးဖြစ်ထွန်းစေသည့် ရပ်ရွာ လူထုအခြေပြုခရီးသွားလုပ်ငန်း (Community Based Tourism - CBT) ကိုလည်း ဆက်လက် ဖော်ဆောင်သွားရန် လိုအပ်ပါကြောင်း၊ တက်ရောက် လာသည့် အသင်းအဖွဲ့ဥက္ကဋ္ဌများကလည်း ဟိုတယ် နှင့်ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ဖွင့်လှစ် ဆောင်ရွက်ရာတွင် တွေ့ကြုံရမည့်လုပ်ငန်းလိုအပ် ချက်များနှင့် အခက်အခဲများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြကြစေလိုပါကြောင်း ပြောကြား သည်။ ဆွေးနွေးတင်ပြ ထို့နောက် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် က ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ပြန်လည်စတင် နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ထားရှိရန် လိုအပ်မှု၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြပြီး အစည်းအဝေးတက်ရောက်လာ သည့် အသင်းဥက္ကဋ္ဌများက ဟိုတယ်များ ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အမြန်ပြန်လည် ဖွင့်လှစ်လိုသည့်အခြေအနေ၊ ခရီးသည်တင် Express ကားများဖြင့် သွားလာမည့်ခရီးသွားပြည်သူများ အတွက် ကိုဗစ်-၁၉ စစ်ဆေးပေးနိုင်ရေး၊ ကိုဗစ်-၁၉ စစ်ဆေးသည့် Test Kit နှုန်းထား လျှော့ပေါ့ပေးနိုင်ရေး၊ နိုင်ငံတော်မှ အခွန်အခနှုန်းထားများ လျှော့ပေါ့ပေး ရေး၊ စားသောက်ဆိုင်များ ချေးငွေရရှိရေး ပံ့ပိုးပေးနိုင် မှုတို့နှင့်စပ်လျဉ်းပြီး ဆွေးနွေးတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလေး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်ကိုနှင့် တွေ့ဆုံပြီး ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ဟိုတယ်လုပ်ငန်း လိုင်စင်များ အမြန်စိစစ်ခွင့်ပြုပေးနိုင်ရေးနှင့် ခရီး သွားလုပ်ငန်း မြှင့်တင်ရေးကိစ္စရပ်များကို ဆွေးနွေး ညှိနှိုင်းသည်။ အလှူငွေများ ပေးအပ်လှူဒါန်း ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလေး မြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးသို့ သွားရောက် ဖူးမြော်ကြည်ညိုပြီး အလှူငွေများ ပေးအပ်လှူဒါန်း ခဲ့သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးမြို့ရှိ Hotel Shwe Pyi Thar ကို ကိုဗစ်-၁၉ တားဆီးကာကွယ်ရေးဆိုင်ရာ သတ်မှတ်စည်းမျဉ်း စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ရန် ဆောင်ရွက်ထားရှိမှုအခြေအနေကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ သတင်းစဉ်