မိုခါမုန်တိုင်းသင့် ပြည်သူတွေကို ပြန်လည်ထူထောင်‌ရေးရန်ပုံငွေပွဲပေါ့။ ကိုယ့်တတ်ထားတဲ့အားကစားနဲ့ ပါဝင်ကုသိုလ်ယူတာပါ။ ပရိသတ်တွေလာပြီး‌ ဘောလုံးပွဲလည်းကြည့်၊ လှူလည်းလှူဒါန်းတော့ မွန်မြတ်တဲ့အလှူလို့ပြောချင်ပါတယ်။

 

ရန်ကုန်   ဇွန်   ၁၇ 
မိုခါမုန်တိုင်းဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေး  ရန်ပုံငွေ အဖြစ် ရုပ်ရှင်၊  ဂီတအနုပညာရှင် များ၊   နိုင်ငံ့ဂုဏ်ဆောင်   မြန်မာ့ လက်ရွေးစင်   အားကစားသမား ဟောင်းများပူးပေါင်း၍ ဘောလုံး ပွဲနှင့် ဂီတဖျော်ဖြေပွဲကို   ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ သင်္ဃန်း ကျွန်း မြို့နယ်ရှိ သုဝဏ္ဏအားကစား ကွင်း၌ ကျင်းပရာ ရုပ်ရှင်ဘောလုံး အသင်း  (Movie FC)၊   ဂီတ ဘောလုံးအသင်း   (Music FC)၊ Forever FC ဘောလုံးအသင်းနှင့် ညွန့်ပေါင်းဘောလုံးအသင်း(Old Star FC)တို့  တတိယနေရာလုပွဲ နှင့်    ဗိုလ်လုပွဲယှဉ်ပြိုင်ခဲ့ကြပြီး အဆိုပါရန်ပုံငွေပွဲတွင်    ပါဝင် ယှဉ်ပြိုင်သူများ၏   စကားသံ များကို ဖော်ပြလိုက်ပါသည်။     
စိုးမြတ်မင်း(မြန်မာ့လက်ရွေးစင် 
ကစားသမားဟောင်း)   
ဒီပွဲက     မိုခါမုန်တိုင်းသင့် ပြည်သူတွေကို ပြန်လည်ထူထောင်‌ ရေးရန်ပုံငွေပွဲပေါ့။   ကိုယ့်ရဲ့တတ် ထားတဲ့အားကစားနဲ့     ပါဝင်   ကုသိုလ်ယူတာပါ။   ပရိသတ်တွေ လာပြီး    ဘောလုံးပွဲလည်းကြည့်  လှူလည်းလှူဒါန်းတော့ မွန်မြတ် တဲ့အလှူလို့    ပြောချင်ပါတယ်။ အားပေးတဲ့    တီဗွီဖန်သားပြင်က  ကြည့်ရှုတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။  ကျွန်တော် တို့ ညွန့်ပေါင်းဘောလုံးအသင်း (Old Star FC)က  အသက်  ၅၀ ကျော်နီးပါး များတယ်။ ကုသိုလ်ပွဲ ဆိုတော့ ကြိုးစားပြီးကစားသွား မှာပါ။ အားလုံးကချစ်ချစ်ခင်ခင်နဲ့ကွင်းထဲမှာညီအစ်ကိုတွေပါပဲ။ ဒီပွဲ ကို        ကုသိုလ်ပါဝင်ခွင့်ပြုနိုင်ဖို့  ဖိတ်ခေါ်တဲ့အတွက်လည်း ကျေးဇူး တင်ပါတယ်။     မြန်မာဘောလုံး သမားတွေလည်း  အကောင်းဆုံး ကြိုးစားနေပါတယ်။     ညီငယ် ဘောလုံး အားကစားသမားတွေကို အာပေးဖို့ ဒီနေရာကနေ ပြောချင် ပါတယ်။      
Dဖြိုး(အဆိုတော်)
ကျွန်တော်တို့     ကိုယ်တိုင် သွားရောက်ပြီး မလှူဒါန်းနိုင်ဘူး။ ပါဝင်နိုင်တဲ့နေရာက ပါဝင်ခွင့်ရတဲ့ အတွက် ဝမ်းသာပါတယ်။ သီချင်း နှစ်ပုဒ်ဆိုမယ်။    ဖျော်ဖြေရေးတွေ လည်း     ပါမယ်။   သဘာဝဘေး  အန္တရာယ်ဆိုတာ    ခန့်မှန်းလို့မရ ဘူး။   ကြိုတင်ကာကွယ်၊ ကြိုတင် မကာကွယ်နိုင်ရင် ဖြစ်လာတဲ့အခါ မှာဝိုင်းဝန်းပြီး      တတ်နိုင်တဲ့ ဘက်က  အားဖြည့်ပေးရမယ်။   ကျွန်‌တော် ဂီတဘောလုံးအသင်း (Music FC)က   ကစားသွားမှာ ဖြစ်ပါတယ်။
အစ္စဏီ(အဆိုတော်)
ကျွန်တော်ဒီပြိုင်ပွဲကို    ပါဝင် ခွင့်ရတဲ့အတွက် အလွန်ပဲဝမ်းသာ ပါတယ်။ သဘာဝဘေးအန္တရာယ် မှာ ဒုက္ခရောက်နေတဲ့မိဘပြည်သူ တွေကို တစ်ဖက်တစ်လမ်းကနေကူညီခွင့်ရတဲ့အတွက်   ဝမ်းသာ  ပါတယ်။     ကျွန်တော်တတ်တဲ့  အနုပညာနဲ့    ဖျော်ဖြေပေးတယ်။  ကျွန်တော်      မကျွမ်းကျင်တဲ့    ဘောလုံးဆိုလို့ရှိရင်    ကြိုးကြိုး စားစားနဲ့    ကန်‌ပေးပါတယ်။   ကျွန်တော်တို့ ညီအစ်ကိုတွေမဆုံ တာ   တော်တော်ကြာသွားပါပြီ။ အခုလိုဒီလိုပွဲလေးမှာ      ပြန်လည် ဆုံခွင့်ရခဲ့တာ   ဝမ်းသာပါတယ်။ အခုဆို ကျွန်တော် တို့ညီအစ်ကိုတွေ ပြန်ချိတ်မိသွားပြီ။   နောက်ဆိုရင်  တစ်ခုမဟုတ်  တစ်ခု၊     ဘယ်နေရာ မှာဘာဖြစ်လည်း   ကူညီခွင့်ရသွား ပြီးဝမ်းသာတယ်။ နေ့ခင်းကတည်း က     အားပေးတဲ့   ပရိသတ်တွေ တစ်ယောက်ချင်းစီကို   ကျေးဇူး အများကြီးတင်ပါတယ်။                                          
ဦးနေလင်းဦး 
(မိုခါရန်ပုံငွေ     ဘောလုံးပွဲ ကျင်းပရေးကော်မတီဥက္ကဋ္ဌ)
“မိုခါမုန်တိုင်း    သဘာဝဘေး အန္တရာယ်    ပြန်လည်ထူထောင် ရေးပွဲမှာ   ပါဝင်ပေးတဲ့   ရုပ်ရှင်၊ ဂီတ၊   Forever    FC ၊      မြန်မာ့  လက်‌ရွေးစင် ညွန့်ပေါင်းဘောလုံးအသင်းအဘက်ဘက်က   ဝိုင်းဝန်း   ကူညီကြတဲ့သူတွေကို   ကျေးဇူး တင်ပါတယ်။    အလှူငွေရရှိထား တာရှိပါတယ်။      အဲဒီအပေါ်မှာ     ကုန်ကျစရိတ်တွေကို    နုတ်ပြီး သွားရင်    ကျန်တဲ့ငွေကြေးများကို      ရခိုင်ဒေသကိုသွားပြီး ကိုယ်တိုင် ကိုယ်ကျသွားပြီးလှူဖို့ စီစဉ်နေပါ တယ်။    တကယ်လို့   ဒီလိုမျိုး    သဘာဝဘေးအန္တရာယ်ပဲဖြစ်ဖြစ်၊ အခြားကြောင့်ပဲဖြစ်ဖြစ် အနုပညာ ရှင်တွေ၊ကစားသမား ဟောင်းတွေ လုပ်ဖို့ အစီအစဉ်ရှိပါတယ်။                                                   
သူထူးစံ(သရုပ်ဆောင်)
ကျွန်တော်တို့  ညီအစ်ကိုတွေ ပျော်ပျော်ပါးပါးနဲ့       ရန်ပုံငွေ  ဘောလုံးပြိုင်ပွဲကြီး ကစားကြတာပျော်ရွှင်ကြည်နူးမိပါတယ်။ အလှူ ငွေလည်း    အများကြီးရတဲ့အတွက် ဝမ်းသာပါတယ်။        အာကာစိုး