ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း မြန်မာ့ရုပ်မြင်သံကြား(ရန်ကုန်)တွင် လုပ်ငန်းဆောင်ရွက်မှုများ ကြည့်ရှုစစ်ဆေးပြီး သုဝဏ္ဏဘောလုံးကွင်းတွင် မိုခါမုန်တိုင်း သဘာဝဘေးအန္တရာယ် ပြန်လည်ထူထောင်ရေး လေးပွင့်ဆိုင် ရန်ပုံငွေဘောလုံးပြိုင်ပွဲ ကြည့်ရှုအားပေး

 

ရန်ကုန်   ဇွန်  ၁၇


ပြန်ကြားရေးဝန်ကြီးဌာန   ပြည်ထောင်စု          ဝန်ကြီး  ဦးမောင်မောင်အုန်းသည်  ယနေ့ မွန်းလွဲပိုင်းက     မြန်မာ့ရုပ်မြင်သံကြား (ရန်ကုန်)တွင် လုပ်ငန်းဆောင်ရွက်မှုများ ကြည့်ရှုစစ်ဆေး၍     လိုအပ်သည်များ  မှာကြားပြီး       သုဝဏ္ဏဘောလုံးကွင်း၌  ကျင်းပသည့်  မိုခါမုန်တိုင်း သဘာဝဘေး အန္တရာယ်       ပြန်လည်ထူထောင်ရေး လေးပွင့်ဆိုင်  ရန်ပုံငွေဘောလုံးပြိုင်ပွဲကို ကြည့်ရှုအားပေးသည်။

 


ရှေးဦးစွာ    ပြည်ထောင်စုဝန်ကြီး ဦးမောင်မာင်အုန်းသည် မေ ၁၄ ရက်က မိုးသက်လေပြင်း  တိုက်ခတ်မှုကြောင့်       မြန်မာ့ရုပ်မြင်သံကြား(ရန်ကုန်)ရှိ  ပင်မ အဆောက်အဦမှ      ခေါင်မိုးသွပ်များ ပြုတ်ထွက်ပျက်စီးခဲ့မှုအပေါ်   အမြန် ရှင်းလင်း၍    ပြုပြင်ဆောင်ရွက်ပြီးစီးမှုကို  ကြည့်ရှုစစ်ဆေးသည်။

 


ဆက်လက်၍  ပြည်ထောင်စုဝန်ကြီး သည်  စတူဒီယို-အေတွင်   နိုင်ငံတော်       သံစုံတီးဝိုင်းအား  အဆင့်မြှင့်တင်နိုင်ရန်  အတွက်  အခြားနိုင်ငံများမှ သံစုံတီးဝိုင်း များ တီးခတ်ဖျော်ဖြေတင်ဆက်မှု ဗီဒီယို ဖိုင်ကို  စုပေါင်းကြည့်ရှု၍ ဖွဲ့စည်းလေ့ကျင့် မှုနှင့်     ဖျော်ဖြေတင်ဆက်မှုများအား   သုံးသပ်ဆွေးနွေးပြီး          အကြံပြုတင်ပြ ချက်များအပေါ်   လမ်းညွှန်မှာကြားကာ   လိုအပ်သည်များ    ဖြည့်ဆည်းဆောင်ရွက် ပေးသည်။

 


မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး    ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသ ကြီးဝန်ကြီးချုပ်   ဦးစိုးသိန်းတို့သည် တိုင်းဒေသကြီး ဝန်ကြီးများ ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းမြင့်ခိုင်၊  မြန်မာနိုင်ငံ  ရုပ်ရှင်အစည်း အရုံး ဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဦးလွင်မြင့်၊ အနုပညာရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဧည့်ပရိသတ်များ နှင့်အတူ    မိုခါမုန်တိုင်းသဘာဝဘေး အန္တရာယ်ကျရောက်သော   ဒေသများ ပြန်လည်ထူထောင်ရေးတွင်   တစ်စိတ် တစ်ပိုင်း   ပါဝင်ကူညီနိုင်ရန်  ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏအားကစား ကွင်း၌ အနုပညာရှင်များ၊ အတတ်ပညာ ရှင်များ၊   နိုင်ငံ့ဂုဏ်ဆောင်   မြန်မာ့ လက်ရွေးစင် အားကစားသမားဟောင်း များ      ပူးပေါင်းကျင်းပ    ပြုလုပ်သည့် ရန်ပုံငွေဘောလုံးပြိုင်ပွဲနှင့်     တေးဂီတ ဖျော်ဖြေပွဲ   ဒုတိယနေ့သို့   တက်ရောက် ကြည့်ရှုအားပေးသည်။

 


ဘောလုံးပြိုင်ပွဲ      တတိယလုပွဲ မစတင်မီ ပါဝင်ယှဉ်ပြိုင်ကြမည့် (Forever FC ) အသင်းနှင့် (Old Star FC)တို့မှ နှစ်ဖက်အသင်းသားများကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ    ဦးကြည် စိုးထွန်း၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဦးလွင်မြင့်တို့က  ရင်းရင်း နှီးနှီးလိုက်လံနှုတ်ဆက်ကြပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ အနုပညာရှင်များက ပန်းစည်းများ ပေးအပ်ကြသည်။

 


ထို့နောက် တတိယလုပွဲကို ယှဉ်ပြိုင် ကစားကြရာ တစ်ဖက် နှစ်ဂိုးစီသရေကျခဲ့ ပြီး ပယ်နယ်တီ အဆုံးအဖြတ်ရယူရာ(Old Star FC) အသင်းက ငါးဂိုး-လေးဂိုးဖြင့် (Forever FC) အသင်းကို အနိုင်ရရှိခဲ့သည်။

 


ယင်းနောက် ဗိုလ်လုပွဲကိုကျင်းပရာ ပြိုင်ပွဲမစတင်မီ  ပါဝင်ယှဉ်ပြိုင်ကြမည့် ရုပ်ရှင်အသင်း  (Movie FC)နှင့်   ဂီတ အသင်း(Music FC)အသင်းတို့မှ နှစ်ဖက် အသင်းသားများကို မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ   ဦးကြည်စိုးထွန်း၊ မြန်မာနိုင်ငံ   ဂီတအစည်းအရုံး  (ဗဟို) ဥက္ကဋ္ဌ  ဦးလွင်မြင့်နှင့်  ပြိုင်ပွဲကျင်းပရေး ကော်မတီဥက္ကဋ္ဌ       ဦးနေလင်းဦးတို့က ရင်းရင်းနှီးနှီးလိုက်လံ   နှုတ်ဆက်ကြပြီး မြန်မာနိုင်ငံ       ရုပ်ရှင်အစည်းအရုံးမှ အနုပညာရှင်များက      ပန်းစည်းများ ပေးအပ်ကြသည်။

 


ဆက်လက်၍ ဗိုလ်လုပွဲကို ယှဉ်ပြိုင် ကစားကြရာ ဂီတအသင်း(Music FC)က နှစ်ဂိုး-တစ်ဂိုးဖြင့် ရုပ်ရှင်အသင်း(Movie FC)ကို အနိုင်ရရှိခဲ့သည်။

 


ထို့နောက်  အလှူငွေပေးအပ်ပွဲကို ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ငွေကျပ်သိန်း ၃၀၀နှင့် စီးပွားရေး လုပ်ငန်းရှင်များက ငွေကျပ်သိန်း ၂၅၀ ကို ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ကြသည်။ 

 


ဆက်လက်၍ အလှူရှင်များက အလှူ ငွေများ ပေးအပ်လှူဒါန်းရာ ရန်ကုန်တိုင်း ဒေသကြီး   ဥပဒေချုပ်   ဦးဌေးအောင်၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ မြန်မာနိုင်ငံ ဂီတအစည်း အရုံး (ဗဟို) ဥက္ကဋ္ဌ ဦးလွင်မြင့်နှင့် ပြိုင်ပွဲ ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးနေလင်းဦး တို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ များ ပြန်လည်ပေးအပ်သည်။ 

 


ယင်းနောက် ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ    အသန့်ရှင်းဆုံးဆုရရှိသည့် ( Forever FC ) အသင်းနှင့် တတိယဆုရရှိ သည့် (Old Star FC) အသင်းတို့ကို မြန်မာနိုင်ငံ  ရုပ်ရှင်အစည်းအရုံး  ဥက္ကဋ္ဌ ဦးကြည်စိုးထွန်းက     လည်းကောင်း၊ ဂိုးသွင်းအများဆုံးဆုရရှိသည့်    ဂီတ အသင်း (Music FC)မှ ကျောနံပါတ်(၁၃)အာကာကို မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဦးလွင်မြင့်က လည်းကောင်း၊ ဒုတိယဆုရရှိသည့် ရုပ်ရှင်အသင်း (Movie FC)ကို ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်ကလည်းကောင်း  ဆုများ ပေးအပ်ချီးမြှင့်ကြသည်။

 


ထို့နောက်    ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပထမဆုရရှိသည့် ဂီတအသင်း (Music FC)  အသင်းကို ဆုများ   ပေးအပ်ချီးမြှင့်ပြီး   ပြိုင်ပွဲဝင် အားကစားသမားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။  

 


ဘောလုံးပွဲမစတင်မီနှင့် ခေတ္တရပ်နား ချိန်အတွင်း   နိုင်ငံကျော်အဆိုတော်များ ဖြစ်ကြသည့် အိမ့်ချစ်၊ ချယ်ရီသင်း၊ ဂျင်းနီ၊ အစ္စဏီ၊   ရာဝန၊  ICE COLD ၊  မိဖူး၊ နေလင်းကျော်၊ ဆိုတေး၊ Dဖြိုး၊ ဟန်သီနှင့် မီနိုတို့က တေးသီချင်းများဖြင့် ဖျော်ဖြေ တင်ဆက်ကြပြီး ပြိုင်ပွဲသို့  လာရောက် အားပေးကြသည့်   ဧည့်ပရိသတ်များက မိုခါမုန်တိုင်းဒဏ်သင့်ဒေသများ ပြန်လည် ထူထောင်ရေးလုပ်ငန်းများအတွက် အလှူ ငွေများ ထည့်ဝင်လှူဒါန်းကြသည်။ 

 


လေးပွင့်ဆိုင် ရန်ပုံငွေဘောလုံးပြိုင်ပွဲ မှ   အလှူငွေ   ကိုးရာငါးဆယ့်ငါးသိန်း ငါးသောင်းရရှိပြီး ရရှိသော အလှူငွေများ ကို       မိုခါမုန်တိုင်းဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေး   လုပ်ငန်းများ အတွက်   လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။                          

သတင်းစဉ်