လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် လျှပ်စစ်သုံးယာဉ်အတွက် အားသွင်းစက်များ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိ

 

နေပြည်တော်  ဇွန်  ၁၅
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Essential Motors Co., Ltd.   က   တင်သွင်းလာသော   BYD   Dolphin  အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် နှစ်စီး၊ Super Seven Stars Motors Industry Co.,Ltd. မှ တင်သွင်းလာသော လျှပ်စစ်သုံးယာဉ်အားသွင်းစက် (EV Charger, 7KW)  ၁၇  ခုနှင့် လျှပ်စစ်သုံးယာဉ် အားသွင်းစက် (EV Charger, 22 KW) အခု ၄၀ တို့သည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာ ပြီး ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း၊ အဆိုပါလျှပ်စစ်သုံးမော်တော်ယာဉ်နှင့် လျှပ်စစ်သုံးယာဉ် အားသွင်း စက်များ  တင်သွင်းမှုအတွက်  အကောက်ခွန်ကင်းလွတ်ခွင့်ပြုထား ကြောင်း သိရသည်။ 
သတင်းစဉ်