ပြည်သူ့ဆေးရုံနှင့် တိုက်နယ်ဆေးရုံများသို့ တပ်မတော်သားပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများ သွားရောက်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

 

နေပြည်တော်  မတ်  ၅


မန္တလေးတိုင်းဒေသကြီး  မိတ္ထီလာ ခရိုင်    သာစည်မြို့နယ်ဆေးရုံ၊ ဟံဇားတိုက်နယ်ဆေးရုံ၊ ယင်းမာ ပင်တိုက်နယ်ဆေးရုံနှင့် သပိတ် ကျင်းမြို့နယ်      တကောင်း တိုက်နယ်ဆေးရုံ၊      ပဲခူးတိုင်း ဒေသကြီး ကျောက်တံခါးမြို့နယ်၊  ပြည်သူ့ဆေးရုံနှင့်    ရွှေကျင် မြို့နယ်၊ ဒုံဇရစ်ကျေးရွာတိုက်နယ် ဆေးရုံတို့ရှိ    ဝန်ထမ်းများနှင့် လူနာရှင်များက နယ်မြေခံတပ်ရှိ တပ်မတော်ဆေးရုံမှ  ဆရာဝန် များနှင့် သူနာပြုများ  လာရောက် ကုသပေးနိုင်ပါရန်   အကူအညီ တောင်းခံမှုကြောင့်  သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ  တပ်နယ် များအလိုက်  တပ်မတော်ဆေးရုံ မှ   တပ်မတော်သားပါရဂူများ၊ ဆရာဝန်များနှင့်   သူနာပြုများ ပါဝင်သော  ဆေးကုသရေးအဖွဲ့ အား စေလွှတ်၍  ရောဂါဝေဒနာ ခံစားနေရသည့်  ဒေသခံပြည်သူ များကို လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု          လုပ်ငန်း များ   ဆောင်ရွက်ပေးလျက် ရှိသည်။


အဆိုပါ      ဆေးရုံများ၌ တပ်မတော်ဆေးကုသရေးအဖွဲ့ များက   ဒေသခံပြည်သူများအား ကျန်းမာရေး   စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ ယနေ့တွင် ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊   သွားနှင့်ခံတွင်းရောဂါ၊ အရိုးအကြောရောဂါ၊ အစာအိမ် ရောဂါ၊    မျက်စိရောဂါ၊   နား၊ နှာခေါင်း၊  လည်ချောင်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ သွေးတိုး ရောဂါ၊ နှလုံးရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ် သည့်      ကျန်းမာရေးစစ်ဆေး     ကုသပေးခြင်းများ     ဆက်လက် ဆောင်ရွက်ပေးပြီး  ခွဲစိတ်ကုသ ရန်    လိုအပ်သော   လူနာများ      အား ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။


ထိုသို့  ဆောင်ရွက်ပေးနေမှု များကို      တိုင်းစစ်ဌာနချုပ် အသီးသီးရှိ  တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍    ဒေသခံ ပြည်သူများအား   ဆေးကုသ ပေးထားမှု     အခြေအနေများ၊ ကျန်းမာရေး  တိုးတက်ကောင်း မွန်မှုအခြေအနေများကို ရင်းရင်း နှီးနှီး   မေးမြန်းအားပေးစကား ပြောကြားကာ စားသောက်ဖွယ်ရာ များ   ပေးအပ်၍  လိုအပ်သည် များညှိနှိုင်းဆောင်ရွက်ပေးသည်။ ထိုသို့ ကျန်းမာရေးစောင့်ရှောက်ပေးမှုအပေါ် ဒေသခံပြည်သူများ အနေဖြင့် အထူးပင်ကျေးဇူးတင် ဝမ်းမြောက်လျက်    ရှိကြောင်း သတင်းရရှိသည်။   


   သတင်းစဉ်