ဆိုင်ကလုန်းမုန်တိုင်းမိုခါ တိုက်ခတ်မှုကြောင့် သဘာဝဘေးဒဏ်သင့်ဒေသများရှိ ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများအား တပ်မတော်(လေ)မှ လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင်

 

နေပြည်တော်    ဇွန်     ၁၅
တပ်မတော်  (လေ)  အနေဖြင့် သဘာဝဘေးဒဏ်သင့် ဒေသများ သို့ တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများ၊ စေတနာရှင်အလှူရှင် များက လှူဒါန်းသည့် စားသောက် ဖွယ်ရာများ၊    ကူညီထောက်ပံ့ရေး ပစ္စည်းများ၊ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီက     ထောက်ပံ့ပေးအပ် သည့် ပစ္စည်းများကို တပ်မတော် လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ကူညီပို့ဆောင်ပေးလျက်ရှိသည်။
ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင်  တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများ၊ စေတနာ ရှင်အလှူရှင်များက လှူဒါန်းသည့် ဆန်၊ ကြက်သွန်ဖြူ၊ ငါးသေတ္တာ၊  လက်ဖက်/ အကြော်စုံ၊ ဟင်းသီး ဟင်းရွက် စသည့်စားသောက်ကုန် ပစ္စည်းများ၊ အိမ်သုံးပစ္စည်းများနှင့် ဆေးပစ္စည်း ၇ ဒသမ ၄ တန်တို့အား ရန်ကုန်     အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ     စစ်တွေလေဆိပ်သို့ တပ်မတော် (လေ) မှ လေယာဉ် များဖြင့် ပို့ဆောင်ပေးခဲ့သည်။
သဘာဝဘေးဒဏ်သင့် ဒေသ များရှိ      ပြည်သူများအတွက်  ကယ်ဆယ်ရေး     ပစ္စည်းများကို တပ်မတော် (လေ) မှ လေယာဉ်၊ ရဟတ်ယာဉ်များဖြင့်      အချိန်နှင့် တစ်ပြေးညီ ပို့ဆောင်ပေးလျက် ရှိရာ   ယနေ့အချိန်ထိ   ထောက်ပံ့ ရေး  ပစ္စည်း  ၅၃၂ ဒသမ ၁  တန်၊ ပြန်လည်ထူထောင်ရေး လုပ်ငန်း များတွင် ကူညီဆောင်ရွက်ပေးကြ မည့်     တပ်မတော်သားများနှင့် ဌာနဆိုင်ရာ ဝန်ထမ်း ၃၃၃၇ ဦး တို့အား ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း နှင့်   လေဆိပ်များသို့   ရောက်ရှိ သည့်  ကယ်ဆယ်ရေး ပစ္စည်းများ အား  မုန်တိုင်းဒဏ်သင့်    ဒေသ များသို့     ရဟတ်ယာဉ်များဖြင့် ဆက်လက်    ပေးပို့ဖြန့်ဖြူးလျက် ရှိကြောင်းနှင့် အဆိုပါတပ်မတော် လေယာဉ်/  ရဟတ်ယာဉ်များဖြင့်     ပို့ဆောင်ပေးလျက်ရှိသော  ပစ္စည်း များကို တာဝန်ရှိသူများက လက်ခံ ရယူပေးကြကြောင်း     သတင်း ရရှိသည်။
သတင်းစဉ်