နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရသေ့တောင်မြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်မိရပ်ဖများ၊ ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ပရဟိတအဖွဲ့များအား တွေ့ဆုံအမှာစကားပြောကြား

 

နေပြည်တော်  ဇွန်    ၁၅


စစ်တွေမြို့၌ ရောက်ရှိနေသော အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ   စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် အဖွဲ့ဝင်များ လိုက်ပါ၍ ယနေ့ မွန်းလွဲပိုင်းတွင် ရသေ့တောင်မြို့သို့   သွားရောက်ကာ     ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး     မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးအစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာ များ၊  ရပ်မိရပ်ဖများ၊   ကူညီကယ်ဆယ်ရေးအဖွဲ့များ နှင့်  ပရဟိတအဖွဲ့များကို   တွေ့ဆုံအမှာစကား ပြောကြားသည်။

 


ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း


ဦးစွာ  ရသေ့တောင်မြို့နယ်    စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်    ပြန်လည်ထူထောင်ရေးလုပ်ငန်း များတွင် ကြီးကြပ်ရန်   တာဝန်ပေးအပ်ထားသည့် တပ်မတော်မှ   တာဝန်ရှိသူတစ်ဦးက    မုန်တိုင်း တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် ပြန်လည် ထူထောင်ရေး၊     တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို   တင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဒုတိယဥက္ကဋ္ဌ   ဒုတိယဝန်ကြီးချုပ်က  လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က မုန်တိုင်းအန္တရာယ် ထိခိုက်မှုပြင်းထန်သောမြို့များ၏ ပြန်လည်ထူထောင် ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်အခြေအနေကို တစ်လတာကာလအတွင်း ပြီးစီးမှုအခြေအနေအား မျက်မြင်သိလို၍ လာရောက်ခြင်းဖြစ်ပြီး မေ ၁၈ ရက် တွင်   လာရောက်မှုနှင့်   ယခုလာရောက်ကြည့်ရှု ခဲ့သည့်မြင်ကွင်းမှာ များစွာတိုးတက်လာမှုကို တွေ့ရ ကြောင်း ဦးစွာပြောကြားသည်။ 

 


ယင်းနောက်   ယခုနှစ်   စိုက်ပျိုးရာသီအတွက် လိုအပ်သော မျိုးစပါးများအတွက် အချိန်မီရရှိအောင် စီမံပေးမှုအခြေအနေများ၊  ရေငန်ကာ   တာတမံများ ကျိုးပေါက်မှုကို   ပြင်ဆင်ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများ၊ သောက်သုံးရေကန်များ ပြန်လည် ဆယ်တင်၍ သန့်ရှင်းရေးဆောင်ရွက်ပြီးစီးမှုအခြေ အနေများ၊ ကျောင်းသား ကျောင်းသူများ အမိုးအကာ အောက်တွင် စာသင်ကြားနိုင်ရေးဆိုင်ရာ စီမံဆောင်ရွက် ခဲ့မှုအခြေအနေများနှင့် လက်ရှိစာသင်ကြားနေမှု အခြေအနေများ၊ အခြေခံလူတန်းစားများ စားဝတ် နေရေးပြေလည်စေရန် မုန်တိုင်းမတိုက်ခတ်မီကပင် စုဆောင်းထားသည့် အရန်ဆန်  တန်ချိန်  ၁၀၀၀၀ (အိတ် ၂၀၀၀၀၀) မှ ထပ်မံထောက်ပံ့ပေးနိုင်မည့် အခြေအနေများကို အသေးစိတ်ဆွေးနွေးရှင်းလင်းပြောကြားပြီး  တက်ရောက်လာကြသူများ၏   တင်ပြ ချက်များအပေါ်  လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ဌာနဆိုင်ရာများ၊ ကူညီကယ်ဆယ် ရေးအဖွဲ့များနှင့် ပရဟိတအဖွဲ့များအား စားသောက် ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။ 

 


လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း


ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ်နှင့်  အဖွဲ့ဝင်များ သည် ရသေ့တောင်မြို့ရှိ  အောင်မြေဗောဓိ ဓမ္မရိပ်သာ အလိုတော်ပြည့်ကျောင်းသို့သွားရောက်၍ ဆရာတော်၊ သံဃာတော်များအား ဖူးမြော်ကြည်ညိုပြီး ဆွမ်းဆန် တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြ သည်။

 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ်နှင့်   အဖွဲ့ဝင်များ သည်  ရသေ့တောင်မြို့ရှိ   ပြည်သူ့ဆေးရုံသို့သွား ရောက်၍   မုန်တိုင်းတိုက်ခတ်မှုကြောင့်   ပျက်စီးမှု များဖြစ်ပေါ်ခဲ့သည့်  ဆေးရုံပင်မအဆောက်အအုံအား ပြန်လည်ပြင်ဆင်ပြီးစီးမှုအခြေအနေများကို စစ်ဆေး ပြီး ဆေးရုံတက်ရောက်ကုသမှု  ခံယူလျက်ရှိသည့် လူနာများကို   လိုက်လံကြည့်ရှု    အားပေးစကား ပြောကြားကာ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ ငွေများ ပေးအပ်သည်။ 
ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်  အဖွဲ့ဝင်များ သည် ရသေ့တောင်မြို့ရှိ အခြေခံပညာအထက်တန်း ကျောင်းတွင်   ကျောင်းသား    ကျောင်းသူများ တက်ရောက်ပညာသင်ကြားနေမှုများကို လိုက်လံ ကြည့်ရှုအားပေးပြီး ဆရာ၊ ဆရာမများနှင့် တွေ့ဆုံ ဆွေးနွေးကာ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။                                            

 သတင်းစဉ်