
နေပြည်တော် မတ် ၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး Mr. Thomas L. Vajda အား Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေး သည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင်၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အရေးပေါ်ကာလမတိုင်မီ မဲစာရင်းကြီးမားစွာမှားယွင်းမှုအပါအဝင် အခြားသောကိစ္စရပ်များအား သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်အသီးသီး၊ အဖွဲ့အစည်းအသီးသီးသို့ တွေ့ဆုံညှိနှိုင်းဆွေးနွေးမှု ဆောင်ရွက်ရန် ကြိုးပမ်းခဲ့မှု အခြေအနေများ၊ လက်ရှိဖြစ်ပေါ်နေသည့် မင်းမဲ့စရိုက်ဆန် သည့် ဆူပူအကြမ်းဖက်မှုဖြစ်စဉ်များအပေါ် ပြည်ထောင်စုမြန်မာနိုင်ငံ တော် အစိုးရ ရုန်းရင်းဆန်ခတ်မှုလက်စွဲနှင့် လူစုလူဝေးအား ကြီးကြပ် ထိန်းသိမ်းခြင်းပါ ပြဋ္ဌာန်းဥပဒေများနှင့်အညီ လုံခြုံရေးတပ်ဖွဲ့ဝင်များက အနည်းဆုံးအင်အား၊ အနိမ့်ဆုံးအဆင့်မှစ၍ ဖြေရှင်းဆောင်ရွက်နေမှု အခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့ကို ချမှတ်အကောင် အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများအား အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်