ကိုဗစ် - ၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၇၀ တွေ့ရှိ

 

ကျန်းမာရေးဝန်ကြီးဌာနသည်   ကိုဗစ်-၁၉   သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွား အလာကန့်သတ်ထားရှိသူများအား  ကိုဗစ်-၁၉  ရောဂါ  ရှိ၊  မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၆-၆-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၇-၆-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၆,၈၂၁) ခုအား စစ်ဆေး ပြီးစီးခဲ့ရာ   ကိုဗစ်-၁၉   ရောဂါ   ဓာတ်ခွဲအတည်ပြုလူနာသစ် (၇၀) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုး တွေ့ရှိမှု ရာခိုင်နှုန်းမှာ (၁.၀၃) ရာခိုင်နှုန်း ရှိပါသည်။ 
သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၁၀,၇၀၃,၆၂၈) ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၆၃၉,၃၇၉) ဦး ရှိပြီဖြစ်ပါသည်။
ဓာတ်ခွဲအတည်ပြုလူနာများအား နေအိမ်တွင်သီးခြားထားရှိခြင်းနှင့်     ဆေးရုံများတွင်      သီးခြားထားရှိကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ (၄၆) ဦး ရှိသဖြင့်   ယနေ့အထိ    ပြန်လည်ကောင်းမွန်လာသူ    စုစုပေါင်း (၆၁၈,၃၆၃) ဦး ရှိပြီဖြစ်ပါသည်။ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ မရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း (၁၉,၄၉၄) ဦး ရှိပါသည်။
ကိုဗစ်-၁၉   ရောဂါဆိုင်ရာ    သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။ 
ကျန်းမာရေးဝန်ကြီးဌာန