ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့အခြေစိုက် တောင်အာရှနိုင်ငံခြားသတင်းထောက်များအသင်း ဥက္ကဋ္ဌ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

 

နေပြည်တော်   ဇွန်    ၇
နိုင်ငံခြားရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးကျော်မျိုး ထွဋ်သည်   အိန္ဒိယနိုင်ငံ  နယူးဒေလီမြို့အခြေစိုက် တောင်အာရှနိုင်ငံခြားသတင်းထောက်များအသင်း ဥက္ကဋ္ဌ Mr. Shirumalla Venkat Narayan ဦးဆောင် သော  ကိုယ်စားလှယ်အဖွဲ့အား  ယနေ့နံနက် ၁၀     နာရီတွင်    နေပြည်တော် ရှိ      နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။    
တွေ့ဆုံစဉ်    မြန်မာနိုင်ငံ၏    ဖြစ်ပေါ်တိုးတက်မှု   အခြေအနေများနှင့်    မီဒီယာကဏ္ဍ   ဖွံ့ဖြိုးတိုးတက် ရေးအတွက်     ပူးပေါင်းဆောင်ရွက်မှုများ      မြှင့်တင် ရေး၊ မြန်မာနိုင်ငံ၏ ပကတိအခြေအနေမှန်များကို နိုင်ငံတကာမှ ပိုမိုသိရှိရေးနှင့်  နိုင်ငံပိုင်သတင်းမီဒီယာ များတွင်  စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့်  စပ်လျဉ်း သည့်ကိစ္စရပ်များကို  ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးကြသည်။                     သတင်းစဉ်