
တိုကျို ဇွန် ၂
ဂျပန်နိုင်ငံ၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သယ်ယူပို့ဆောင် ရေး အော်ပရေတာအချို့မှာ ဝန်ဆောင်မှုလုပ်ငန်းများ ဆိုင်းငံ့ခဲ့ရသည်။ တိုကိုင်းဒိုး ရှင်ကန်ဆန် ကျည်ဆန်ရထား ပြေးဆွဲမှုကို ဆိုင်းငံ့ခဲ့ရသည်ဟု ဂျပန်နိုင်ငံအလယ်ပိုင်း မီးရထားလိုင်းက ပြောသည်။ ညနေ ၅ နာရီ နောက်ပိုင်းမှသာ ဆန်ယိုရှင်ကန်ဆန် ကျည်ဆန်ရထားပြေးဆွဲမှုကို ပြန်လည် ပြုလုပ်နိုင်ခဲ့ကြောင်း၊ တိုကိုင်းဒိုးရှင်ကန်ဆန် ကျည်ဆန်ရထား ပြေးဆွဲမှုကိုမူ ရပ်နားထားခဲ့ရသည်ဟု သိရသည်။
တိုကျိုမြို့ ရှင်ဂျူကူဘူတာရုံနှင့် မက်ဆုမိုတို ဘူတာရုံတို့ကို ဆက်သွယ်ထားသည့် အမြန်ရထားလိုင်းကို ဆိုင်းငံ့သွားမည်ဟု အရှေ့ ဂျပန်မီးရထားလိုင်းက ပြောသည်။ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လေကြောင်းလိုင်း ပြေးဆွဲမှုများလည်း အနှောင့်အယှက်ဖြစ်ပေါ်ခဲ့ရ သည်။
ပြည်တွင်းလေကြောင်း ခရီးစဉ် ၂၆၀ ကို ဖျက်သိမ်းခဲ့ရသည် ဟု သိရ သည်။ ဂျပန်လေကြောင်းလိုင်းမှ ခရီစဉ်ပေါင်း ၁၁၇ ခုကို ဖျက်သိမ်းခဲ့ ရပြီး နီပွန်အဲဝေးမှ ခရီးစဉ် ၇၅ ခု ဖျက်သိမ်းခဲ့ရသည်။ အခြားသော လေကြောင်းလိုင်းများကလည်း ခရီးစဉ်များ ဖျက်သိမ်းခဲ့ရသည်ဟု သိရသည်။ အင်န်အိတ်ချ်ကေ