ရိုးမားကို အနိုင်ယူပြီး ယူရိုပါလိဂ်ဖလားကို ခုနစ်ကြိမ်မြောက် ဆီဗီလာ ဆွတ်ခူး

 

ဇွန် ၁ ရက်   နံနက်  ၁  နာရီခွဲက ဟန်ဂေရီနိုင်ငံ     ဘူဒါပက်စ်ရှိ ပွတ်ရှ်ကပ်စ် အရီနာအားကစား ကွင်း၌   ယှဉ်ပြိုင်ကစားခဲ့သည့် ယူရိုပါလိဂ်    ဗိုလ်လုပွဲစဉ်တွင် လာလီဂါကလပ် ဆီဗီလာအသင်း က စီးရီးအေကလပ် ရိုးမားအသင်း ကို ပယ်နယ်တီအဆုံးအဖြတ်တွင် လေးဂိုး - တစ်ဂိုးဖြင့်   အနိုင်ရရှိ ပြီး  အသင်းသမိုင်းတစ်လျှောက် ယူရိုပါလိဂ်ဖလားကို   ခုနစ်ကြိမ် မြောက် ဆွတ်ခူးနိုင်ခဲ့သည်။ 
ပွဲကစားချိန် မိနစ် ၉၀ အတွင်း  တစ်ဖက်တစ်ဂိုးစီ သရေဖြစ်နေခဲ့ သည့်အတွက်  ပယ်နယ်တီအဆုံး အဖြတ်တွင်    ဆီဗီလာအသင်း ကစားသမားလေးဦး ဂိုးဝင်ခဲ့သော် လည်း   ပြိုင်ဘက်   ရိုးမားအသင်း  ကသုံးဦးကန်ရာတွင် ခရစ္စတန်တီ တစ်ဦးသာဂိုးဝင်ခဲ့သည်။ ဆီဗီလာ အသင်းသည်      ယူရိုပါလိဂ် ဖလား     ဆွတ်ခူးနိုင်ခဲ့သည့်အတွက်   လာမည့်နှစ်တွင်        ချန်ပီယံလိဂ် ပြိုင်ပွဲသို့    ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပြီဖြစ်သည်။                                   
ပြိုင်ပွဲတစ်လျှောက်  ပွဲပေါင်း ၁၄၁   ပွဲ    ယှဉ်ပြိုင်ကစားခဲ့ပြီး သွင်းဂိုးပေါင်း     ၃၈၁ ဂိုးရှိရာ တစ်ပွဲလျှင် ၂ ဒသမ ၇ ဂိုးနှုန်းရှိ သည်။ ထို့ပြင်   ပွဲကြည့်ပရိသတ် ပေါင်း   ၄၀၆၇၈၇၂ ဦး ကြည့်ရှုခဲ့ ပြီး  တစ်ပွဲလျှင် ၂၈၈၅၀ ရှိသည်။ ပြိုင်ပွဲတစ်လျှောက်        သွင်းဂိုး အများဆုံးကစားသမားမှာ ယူနီယံ စိန့်ဂီလော့စ်အသင်းမှ ဘိုနီဖေ့စ် နှင့် မန်ယူအသင်းမှ ရက်ဖို့ဒ်တို့ ဖြစ်ပြီး ခြောက်ဂိုးစီသွင်းယူထား သည်။                    

အောင်ဇော်