အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် လာမည့်နှစ်မတ်လတွင် ရာဇဝတ်မှုတရားခွင်နှင့် ရင်ဆိုင်ရမည်

 

ဝါရှင်တန်   မေ    ၂၄
လာမည့်နှစ်မတ်လတွင်  အမေရိကန်သမ္မတ ဟောင်း    ဒေါ်နယ်ထရမ့်သည်     ရာဇဝတ်မှု ဆိုင်ရာ တရားခွင်နှင့်  တရားရင်ဆိုင်ရမည်ဟု အမေရိကန်တရားရုံး တစ်ရုံးက  သတ်မှတ်ခဲ့ သည်။ 
အမေရိကန်သမ္မတဟောင်း   ထရမ့်သည် ၂၀၁၆  ခုနှစ်   သမ္မတရွေးကောက်ပွဲကာလ အတွင်း       အပြာသရုပ်ဆောင်တစ်ဦးကို    လျှို့ဝှက်စွာ  ငွေပေးချေရန်အတွက်      စီးပွား ရေးဆိုင်ရာမှတ်တမ်းအတု   ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။ 
ဒေါ်နယ်ထရမ့်သည်  အမှုပေါင်း    ၃၄   မှု အတွက် အပြစ်မရှိကြောင်း ထွက်ဆိုထားသည်။ လာမည့်နှစ်   မတ် ၂၅  ရက်တွင်    တရားခွင် စတင်မည်ဟု       နယူးယောက်ပြည်နယ် တရားရုံးတရားသူကြီးက မေ  ၂၃  ရက်တွင် ပြောသည်။ ထရမ့်သည် မေ  ၂၃  ရက်တွင် အွန်လိုင်းမှတစ်ဆင့် ပြုလုပ်သည့် ကြားနာမှုကို  တက်ရောက်ခဲ့သည်။   တရားရင်ဆိုင်ရမည့် နေ့စွဲကို  တရားရုံးက    ကြေညာခဲ့သည့်အခါ ထရမ့်က  စိတ်ပျက်သည့်အမူအရာနှင့်  ဒေါသ ထွက်ကြောင်း ပြသခဲ့သည်။                                                                        အင်န်အိတ်ချ်ကေ