
နေပြည်တော် မေ ၁၇
ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပသည့် (၃၂) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့က ရွှေတံဆိပ် ၂၁ ခု၊ ငွေတံဆိပ် ၂၅ ခု၊ ကြေးတံဆိပ် ၆၈ ခု ဆွတ်ခူးရရှိပြီး နိုင်ငံအလိုက် ဆုရရှိမှု တွင် အဆင့် ၈ နေရာ ရပ်တည် ခဲ့သည်။
မြန်မာအားကစားအဖွဲ့သည် (၃၁)ကြိမ် မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေတံဆိပ် ကိုးခု၊ ငွေတံဆိပ် ၁၈ ခု၊ ကြေးတံဆိပ် ၃၅ ခုရရှိခဲ့သော်လည်း ယခု (၃၂)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေတံဆိပ်အပါအဝင် ငွေနှင့် ကြေးတံဆိပ်အားလုံး ရရှိမှုမှာ သိသိသာသာတိုးတက်လာခဲ့ပြီး ရွှေတံဆိပ် ၂၁ ခု၊ ငွေတံဆိပ် ၂၅ ခု၊ ကြေးတံဆိပ် ၆၈ ခုအထိ ဆွတ်ခူးရရှိခဲ့သည်။
မြန်မာအားကစား အဖွဲ့သည် အားကစားနည်း ၂၀ ကျော် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ် ၂၁ ခုအပါအဝင် ဆုတံဆိပ်စုစုပေါင်း ၁၁၄ ခု ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။ မြန်မာအားကစားအဖွဲ့အနေ ဖြင့် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံ ကျင်းပသည့် ၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲ နောက်ပိုင်း ရွှေတံဆိပ်အများဆုံး ရယူ နိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာအားကစား အဖွဲ့အတွက် ဆုတံဆိပ်များကို ဗိုဗီနမ် အားကစားအဖွဲ့က ရွှေတံဆိပ် လေးခု၊ ငွေတံဆိပ် သုံးခု၊ ကြေးတံဆိပ် ၁၇ ခု၊ ခြင်းလုံးအသင်းက ရွှေတံဆိပ် လေးခု၊ ငွေတံဆိပ် သုံးခု၊ ကြေးတံဆိပ် တစ်ခု၊ ဘိလိယက်/စနူကာအဖွဲ့က ရွှေတံဆိပ် သုံးခု၊ ကြေးတံဆိပ်နှစ်ခု၊ Arnis အဖွဲ့က ရွှေတံဆိပ် နှစ်ခု၊ ငွေတံဆိပ် နှစ်ခု၊ ကြေး တံဆိပ် ရှစ်ခု၊ ပိုက်ကျော်ခြင်းအသင်းက ရွှေတံဆိပ်နှစ်ခု၊ ငွေတံဆိပ်နှစ်ခု၊ ကြေး တံဆိပ်တစ်ခု၊ Kun Bokator အားကစား အဖွဲ့က ရွှေတံဆိပ် တစ်ခု၊ ငွေတံဆိပ်နှစ်ခု၊ ကြေးတံဆိပ် ခြောက်ခု၊ ရိုးရာလှေအဖွဲ့က ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ် ငါးခု၊ ကြေး တံဆိပ် နှစ်ခု၊ ဝူရှူးအဖွဲ့က ရွှေတံဆိပ် တစ်ခု၊ ငွေတံဆိပ်သုံးခု၊ ကြေးတံဆိပ်သုံးခု၊ တိုက်ကွမ်ဒိုအဖွဲ့က ရွှေတံဆိပ် တစ်ခု၊ ကြေးတံဆိပ် လေးခု၊ အလေးမအဖွဲ့က ရွှေတံဆိပ် တစ်ခု၊ ကြေးတံဆိပ် နှစ်ခု၊ ပီတန်းအဖွဲ့က ရွှေတံဆိပ်တစ်ခု၊ Kun Khmer အဖွဲ့က ငွေတံဆိပ်နှစ်ခု၊ ကြေး တံဆိပ် ခုနစ်ခု၊ ဂျူဒိုအဖွဲ့က ငွေတံဆိပ် တစ်ခု၊ ကြေးတံဆိပ် သုံးခု၊ ဘောလုံးနှင့် ကြက်တောင်အဖွဲ့က ငွေတံဆိပ်တစ်ခုစီ၊ လက်ဝှေ့အဖွဲ့က ကြေးတံဆိပ် ခြောက်ခု၊ စစ်တုရင်နှင့် ပြေးခုန်ပစ်အဖွဲ့က ကြေး တံဆိပ်နှစ်ခုစီ၊ ခရစ်ကတ်နှင့် Esports အဖွဲ့က ကြေးတံဆိပ် တစ်ခုစီ ဆွတ်ခူး ရရှိခဲ့သည်။
(၃၂)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို မေ ၅ ရက်မှ ၁၇ ရက်အထိ (အားကစား နည်းအချို့ကို ဧပြီ ၂၉ ရက်ကတည်းက စတင်) ကျင်းပခဲ့ပြီး အရှေ့တောင် အာရှနိုင်ငံ ၁၁ နိုင်ငံလုံး ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။ ယခုပြိုင်ပွဲတွင် ဆုတံဆိပ် ချီးမြှင့်သည့် အားကစားနည်း ၃၆ မျိုး ထည့်သွင်းကျင်းပခဲ့ပြီး ရွှေတံဆိပ် စုစုပေါင်း ၅၈၆ ခု ချီးမြှင့်ခဲ့သည်။
ကိုညီလေး
ဓာတ်ပုံ - seagames2023