သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများသို့ ကူညီကယ်ဆယ်ရေးဆောင်ရွက်ရန် မီးသတ်တပ်ဖွဲ့များနှင့် ပရဟိတအဖွဲ့များစေလွှတ်

 

ရန်ကုန်  မေ   ၁၇


ရခိုင်ပြည်နယ် သဘာဝဘေးကျရောက်သော ဒေသ များသို့ နိုင်ငံတော်မှ စီမံပေးမှုဖြင့် ကူညီကယ်ဆယ်ရေး နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက် ရန်   တပ်မတော် (လေ)မှ   လေယာဉ်များဖြင့် သွားရောက်မည့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပရဟိတ အဖွဲ့များကို ယနေ့နံနက် ၇ နာရီက ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းစစ်ဌာနချုပ် တိုင်းမှူး   ဗိုလ်ချုပ်ဇော်ဟိန်း၊   တိုင်းဒေသကြီး ဝန်ကြီးများ၊   မီးသတ်ဦးစီးဌာန  ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးရဲမင်းသူ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ အရာရှိများနှင့်   ပရဟိတအသင်းအဖွဲ့များ က   မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်တွင်   လိုက်လံ ပို့ဆောင်နှုတ်ဆက်ကြသည်။

 


တစ်လစာ စားရေရိက္ခာများဖြင့် သွားရောက်


ကူညီကယ်ဆယ်ရေးစေလွှတ်ခဲ့သည့် အဖွဲ့များ တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ကွပ်ကဲမှု နှင့်    အထူးရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်  ၂၀၊ ရန်ကုန်တိုင်းဒေသကြီး သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ ဝင် ၁၁၆ ဦး ပါဝင်သော ကူညီကယ်ဆယ်ရေးတပ်ဖွဲ့ ဝင်များ၊ မီးသတ်ဦးစီးဌာနမှ ဖွင့်လှစ်သည့် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းများကို တက်ရောက် အောင်မြင်ထားသည့် ပရဟိတလူမှုရေးအသင်းအဖွဲ့ များမှ ၅၀ စုစုပေါင်း  ၁၈၆ ဦးတို့က ကူညီကယ်ဆယ် ရေးလုပ်ငန်းများကို  အချိန်အခါ  နေရာဒေသမရွေး ဆောင်ရွက်နိုင်သည့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း သုံးပစ္စည်းကိရိယာများ၊ အရေးပေါ် ဆေးဝါးများနှင့် တစ်လစာ   စားရေရိက္ခာများဖြင့်   သွားရောက်မည် ဖြစ်သည်။


ထောက်ပံ့ငွေများ ပေးအပ်


အဆိုပါ ကူညီကယ်ဆယ်ရေးသွားရောက်မည့် ၁၈၆ ဦးအား လေယာဉ်မထွက်ခွာမီ တိုင်းဒေသကြီး ဝန်ကြီးချုပ်က    လိုအပ်သည်များ    မှာကြားကာ ထောက်ပံ့ငွေများနှင့်  Chain Saw   ၁၀  စုံ ပေးအပ် သည်။


ဆန်းကျော်ဦး(ပြန်/ဆက်)