ရိုးရာလှေပြိုင်ပွဲတွင် မြန်မာရိုးရာလှေအဖွဲ့ ရွှေတစ်ခုအပါအဝင် ဆုတံဆိပ်ရှစ်ခုရရှိ

 

ရန်ကုန် မေ  ၁၆
ကမ္ဘောဒီးယားနိုင်ငံက    အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၃၂) ကြိမ်မြောက်   ဆီးဂိမ်းရိုးရာလှေပြိုင်ပွဲ   နောက်ဆုံးနေ့ ကို   မေ   ၁၆ ရက်က    ဆက်လက်ကျင်းပ ရာ  မြန်မာရိုးရာလှေအဖွဲ့က    ငွေတံဆိပ် သုံးခု   ထပ်မံဆွတ်ခူးရရှိခဲ့သည်။
ပြိုင်ပွဲ နောက်ဆုံးနေ့တွင်  ကျင်းပ သည့်   ပွဲစဉ်များအနက် မီတာ ၈၀၀ ယူ-၂၄ အမျိုးသား ငါးတက်လှော်ပြိုင်ပွဲတွင်  အိမ်ရှင်  ကမ္ဘောဒီးယားအသင်းက   ရွှေ တံဆိပ်၊    မြန်မာအသင်းက    ငွေ တံဆိပ်၊    အင်ဒိုနီးရှားအသင်းက   ကြေးတံဆိပ်၊ မီတာ  ၈၀၀  ယူ-၂၄ အမျိုးသား ၁၂ တက် လှော်ပြိုင်ပွဲတွင်         ထိုင်းအသင်းက ရွှေတံဆိပ်၊   မြန်မာအသင်းက   ငွေတံဆိပ်၊ မလေးရှားအသင်းက      ကြေးတံဆိပ်၊ မီတာ ၈၀၀ အမျိုးသား အလွတ်တန်း ၁၂ တက်လှော်ပြိုင်ပွဲတွင် အင်ဒိုနီးရှားအသင်း က ရွှေတံဆိပ်၊    မြန်မာအသင်းက    ငွေ တံဆိပ်၊ ကမ္ဘောဒီးယားအသင်းက  ကြေး တံဆိပ်ရရှိခဲ့သည်။
ဆီးဂိမ်းရိုးရာ   လှေပြိုင်ပွဲကို မေ  ၁၃  ရက်မှ  ၁၆ ရက်အထိ ကျင်းပခဲ့ရာ   မြန်မာ ရိုးရာလှေအဖွဲ့က   ရွှေတစ်ခု၊   ငွေငါးခု၊ ကြေးနှစ်ခုရရှိ ပြီး       ဝင်ရောက်ယှဉ်ပြိုင်သည့်   ပြိုင်ပွဲ  အမျိုးအစား  ရှစ်မျိုးစလုံး ဆုတံဆိပ်  မလွတ်တမ်းရယူနိုင်ခဲ့သည်။ 
မြန်မာရိုးရာ          လှေအဖွဲ့သည်   ဝင်ရောက်ယှဉ်ပြိုင်သည့်             ပြိုင်ပွဲ   အမျိုးအစား   ရှစ်မျိုးစလုံးတွင် ဆုတံဆိပ် မလွတ်တမ်းရယူနိုင်ခဲ့ပြီး  နိုင်ငံအလိုက် ဆုရရှိမှုတွင်   အဆင့်  ၅   နေရာတွင်  ရပ်တည်ခဲ့သည်။    မြန်မာရိုးရာလှေအဖွဲ့ အတွက်  ရွှေတံဆိပ်ဆုကို  မီတာ ၂၅၀ အမျိုးသား  ယူ-၂၄  ငါးတက်လှော်ပြိုင်ပွဲ၊   ငွေတံဆိပ်ဆုများကို   မီတာ  ၂၅၀ ယူ-၂၄ အမျိုးသား+အမျိုးသမီး  ၁၂ တက်လှော် ပြိုင်ပွဲ၊  မီတာ ၅၀၀ ယူ-၂၄ အမျိုးသား+ အမျိုးသမီး  ၁၂ တက်လှော်ပြိုင်ပွဲ၊ မီတာ ၈၀၀ အမျိုးသားအလွတ်တန်း ၁၂ တက် လှော်ပြိုင်ပွဲ၊ မီတာ ၈၀၀ယူ-၂၄ အမျိုးသား ၁၂ တက်လှော်ပြိုင်ပွဲ၊ မီတာ ၈၀၀ ယူ-၂၄ အမျိုးသား ငါးတက်လှော်ပြိုင်ပွဲ၊    ကြေး တံဆိပ်ဆုများကို   မီတာ  ၅၀၀  ယူ-၂၄  အမျိုးသား ၁၂ တက်လှော်ပြိုင်ပွဲနှင့် မီတာ ၅၀၀   အမျိုးသားအလွတ်တန်း   ၁၂ တက်လှော်ပြိုင်ပွဲတို့တွင် ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။
ဆီးဂိမ်းရိုးရာ လှေပြိုင်ပွဲတွင် ပြိုင်ပွဲ အမျိုးအစား  ၁၃ မျိုး  ထည့် သွင်းကျင်းပပြီး အိမ်ရှင်နိုင်ငံမှလွဲ၍  ကျန်ပြိုင်ပွဲဝင်နိုင်ငံ များမှာ ပြိုင်ပွဲအမျိုးအစား ရှစ်မျိုးတွင် သာ    ဝင်ရောက်ယှဉ်ပြိုင်ခွင့်   ရရှိခြင်းဖြစ် သည်။   
ပြိုင်ပွဲအပြီး   နိုင်ငံအလိုက်  ဆုရရှိမှု တွင် ထိုင်းအသင်းက ရွှေလေးခု၊  ငွေသုံးခု၊   ကြေးတစ်ခုဖြင့်  ပထမနေရာရရှိပြီး ယင်း အသင်းနောက်တွင်  အင်ဒိုနီးရှားအသင်း က  ရွှေသုံးခု၊   ငွေတစ်ခု၊ ကြေးလေးခုဖြင့်  ဒုတိယ၊ ဗီယက်နမ်အသင်းက ရွှေသုံးခု၊ ငွေတစ်ခုဖြင့်  တတိယ၊  ကမ္ဘောဒီးယား အသင်းက   ရွှေနှစ်ခု၊   ငွေနှစ်ခု၊ ကြေးလေး ခုဖြင့် စတုတ္ထ၊ မြန်မာ အသင်းက  ရွှေတစ် ခု၊  ငွေငါးခု၊ ကြေးနှစ်ခုဖြင့်  အဆင့်  ၅၊ မလေးရှားအသင်းက   ငွေတစ်ခု၊  ကြေး နှစ်ခုဖြင့်   အဆင့်   ၆   နေရာတို့တွင် ရပ်တည်ခဲ့သည်။
ရဲရင့်လွင်