
နေပြည်တော် မေ ၁၆
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အောင်ဗလကျေးရွာအုပ်စု သာစည် ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် မုန်တိုင်းရှောင်နေသည့် အမျိုးသမီး တစ်ဦး (စိစစ်ဆဲ) သည် အဆောက်အဦပြိုကျမှုကြောင့် လည်းကောင်း၊ ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ မုန်တိုင်းရှောင်နေသည့် ဒုံးပိုက် ကျေးရွာသူ၊ ကျေးရွာသားများအနက် အမျိုးသား လေးဦး၊ အမျိုးသမီး ကိုးဦးတို့သည် ဓမ္မာရုံပြိုကျမှုကြောင့်လည်းကောင်း သေဆုံးခဲ့သဖြင့် စုစုပေါင်းသေဆုံးသူ ၁၄ ဦးရှိကြောင်း သတင်း ရရှိသည်။
သတင်းစဉ်