(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနား MRTV မှ တိုက်ရိုက်ထုတ်လွှင့်မည်

 

နေပြည်တော်  မေ  ၁၆


ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်  လက်ခံကျင်းပလျက်ရှိသည့် ၂၀၂၃ ခုနှစ် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကို မေ ၁၇ရက်တွင် ဖနောင်ပင်မြို့ Morodok Techo National Stadium ၌ ကျင်းပမည်ဖြစ်သည်။

 


အဆိုပါ ပိတ်ပွဲအခမ်းအနား  ကျင်းပပုံများကို  ယင်းနေ့  မြန်မာ စံတော်ချိန် ညနေ ၆  နာရီ သတင်းပြီးချိန်မှစတင်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel၊ MRTV Farmers’ Channel၊ MRTV Sports Channel၊ MRTV Parliament Channel၊ MRTV – Website ၊ MRTV – Online နှင့် မြန်မာ့အသံရေဒီယိုတို့မှ တိုက်ရိုက် Live ထုတ်လွှင့်မည်ဖြစ်သည်။                                  

သတင်းစဉ်