
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ကြေညာချက်အမှတ် ( ၂၀ / ၂၀၂၃ )
၁၃၈၅ ခုနှစ် ၊ ကဆုန်လပြည့်ကျော် ၁၃ ရက်
( ၂၀၂၃ ခုနှစ် ၊ မေလ ၁၆ ရက် )
အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ (Inn National League Party) ကို
နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ညောင်ရွှေမြို့၊ ကံသာရပ်၊ တိတ်နန်းတံတားအနီး၊ ရုံးကြီးလမ်းတွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသော အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ (Inn National League Party) ကို ၂၀၂၃ ခုနှစ်၊ မေလ ၁၆ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင် ခွင့်ပြုကြောင်း ကြေညာလိုက်သည်။
အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ (Inn National League Party) ၏ မှတ်ပုံတင်အမှတ်မှာ (၁၅) ဖြစ်ပါသည်။
( ပုံ ) သိန်းစိုး
ဥက္ကဋ္ဌ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်