Pool 9 Ball နှစ်ယောက်တွဲပြိုင်ပွဲတွင် မြန်မာ ဗိုလ်လုပွဲတက်ရောက်

 

နေပြည်တော်    မေ   ၁၃
ကမ္ဘောဒီးယားနိုင်ငံက    အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၂) ကြိမ် မြောက် ဆီးဂိမ်း Pool 9 Ball နှစ်ယောက် တွဲပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို မေ ၁၃ ရက်က ဆက်လက်ကျင်းပရာ မြန်မာ အတွဲ ဗိုလ်လုပွဲတက်ရောက်ခဲ့သည်။
ဆီမီးဖိုင်နယ်ပွဲစဉ်တွင်  မြန်မာအတွဲ က   ဖိလစ်ပိုင်အတွဲကို     (၉-၇) ပွဲ၊ မလေးရှားအတွဲက  ထိုင်းအတွဲကို (၉-၈) ပွဲဖြင့်   အနိုင်ရခဲ့သည်။    မြန်မာအတွဲ တွင် ဘုန်းမြင့်ကျော်  (ခ)   အားတီနှင့် သော်ဇင်ထက်တို့ ယှဉ်ပြိုင်ခဲ့ပြီး   ပြိုင်ပွဲ အစတွင်   ဦးဆောင်နိုင်ခဲ့သော်လည်း နောက်ပိုင်းတွင်   ဆက်တိုက်အရေးနိမ့် ခဲ့သဖြင့်   နိုင်ပွဲရရန်   ရုန်းကန်ခဲ့ရသည်။ ပွဲငယ်  ရှစ်ပွဲမြောက်အပြီးတွင်   အပြတ် အသတ်     ဦးဆောင်နိုင်သော်လည်း ကိုးပွဲမြောက်မှ ၁၄ ပွဲမြောက် ပွဲငယ်အထိ ပွဲငယ်ငါးပွဲဆက်တိုက် အရေးနိမ့်ခဲ့သဖြင့် ဖိလစ်ပိုင်အတွဲက ၇-၆ ပွဲဖြင့် ပြန်လည် ဦးဆောင်နိုင်ခဲ့သည်။ သို့သော် မြန်မာ အတွဲက   ပွဲငယ်သုံးပွဲဆက်    ပြန်လည် အနိုင်ယူခဲ့သဖြင့် ၉-၇ ပွဲဖြင့်   အနိုင်ရခဲ့ ခြင်းဖြစ်သည်။ မြန်မာအတွဲသည်  ယခု ပြိုင်ပွဲတွင်    ကွာတားဖိုင်နယ်အဆင့်မှ စတင်ကစားခဲ့ရပြီး    ဘရူနိုင်းအတွဲကို (၉-၇)ပွဲဖြင့်   အနိုင်ရလာခြင်းဖြစ်သည်။
မြန်မာအတွဲနှင့်    မလေးရှားအတွဲ တို့၏ ဗိုလ်လုပွဲကို မေ ၁၄ ရက် (ယနေ့) ဆက်လက်ကျင်းပမည် ဖြစ်သည်။ 
ညီမြတ်သော်တာ