
ပရီမီယာလိဂ် ပွဲစဉ် (၃၆) ပြိုင်ပွဲများကို မေ ၁၃ ရက် ညပိုင်းက ယှဉ်ပြိုင် ကစားခဲ့ရာ မန်ယူနိုင်ပြီး စပါးတို့ အဝေးကွင်း၌ ရှုံးကာ ချယ်ဆီးတို့က သရေပွဲကြုံတွေ့ခဲ့သည်။
မန်ယူနှင့် ဝုလ်ဖ်တို့ပွဲတွင် မန်ယူအတွက် အနိုင်ဂိုးကို မာစီရယ်က ပွဲချိန် ၃၂ မိနစ်နှင့် ဂါနာချိုက ပွဲပြီးခါနီး အချိန်ပို လေးမိနစ်တွင် သွင်းယူပေးခဲ့သည်။ ယခုပွဲအနိုင်ကြောင့် မန်ယူတို့ ၃၅ ပွဲကစား ၆၆ မှတ်ရရှိထားသည်။ အခြားပွဲစဉ်များတွင် စပါးက အဝေးကွင်း၌ ဗီလာကို နှစ်ဂိုး - တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး လိဒ်နှင့် နယူးကာဆယ် နှစ်ဂိုးစီသရေ၊ ချယ်ဆီးနှင့် နော်တင်ဟမ် နှစ်ဂိုးစီသရေပွဲဖြစ်ခဲ့သည်။ ပဲလေ့စ်က ဘုန်းမောက်ကို နှစ်ဂိုး- ဂိုးမရှိဖြင့် အနိုင်ရပြီး ဆောက်သမ်တန်က ဖူလ်ဟမ်ကို နှစ်ဂိုး - ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။
မိုးဇက် - စုစည်းသည်