ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ် မုန်တိုင်းရှောင်ပြည်သူများထားရှိရာ ကယ်ဆယ်ရေးစခန်းများသို့ ကွင်းဆင်းကူညီထောက်ပံ့

 

မြောင်းမြ   မေ   ၁၃


ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်း သားရေးရာဝန်ကြီး   ဦးစောလင်း ခယ်၊    ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ   ဦးစန်းဌေးနှင့်   အဖွဲ့ဝင် များသည်     မေ    ၁၂   ရက်က လပွတ္တာမြို့နယ်မှ   ရောက်ရှိနေ သည့် မုန်တိုင်းရှောင်ပြည်သူများ ထားရှိရာ   ယာယီခိုလှုံရေးစခန်း များသို့ သွားရောက်၍ ထောက်ပံ့ ပစ္စည်းများ ပေးအပ်သည်။

 


နံနက်ပိုင်းတွင်  တိုင်းရင်းသား ရေးရာဝန်ကြီးနှင့်     အဖွဲ့သည် လပွတ္တာမြို့နယ်ဘက်မှ  မုန်တိုင်း လာရောက်   ရှောင်တိမ်းနေသည့် မုန်တိုင်းရှောင်      ပြည်သူများ ရောက်ရှိနေသည့်   မြောင်းမြမြို့ မဟာစည်ဓမ္မရိပ်သာ   ကျောင်း တိုက်ရှိ ပြည်သူ ၁၂၆ဦး၊ ပညာ ဇေယျုံကျောင်းတိုက်ရှိ   ပြည်သူ ၁၄၇   ဦး၊  ဦးမန်းစောဘုမိဘမဲ့ ဂေဟာရှိ ပြည်သူ ၂၀၅ ဦး၊ ချမ်းမြေ့ သာယာကျောင်းတိုက်ရှိ  ပြည်သူ ၂၁၈   ဦး၊   ခေမိန္ဒာလင်္ကာရ ကျောင်းတိုက်ရှိ  ပြည်သူ ၁၀၈  ဦး တို့အတွက် ဆန်၊ ဆီ၊  ဆား၊  ပဲ၊ ကြက်ဥများ     ကူညီထောက်ပံ့ ပေးအပ်သည်။

 


ဆက်လက်ပြီး    မွန်းလွဲပိုင်း တွင် တိုင်းရင်းသားရေးရာဝန်ကြီး နှင့်  အဖွဲ့သည်    မြစိမ်းရောင် တောင်ပေါ်ရှိ    လပွတ္တာမြို့နယ် ဘက်မှ     ရောက်ရှိနေသည့် မုန်တိုင်းရှောင်ပြည်သူ ၁၀၄၉ ဦး တို့အတွက် ဆန်၊ ဆီ၊ ပဲ၊ ဆား၊ ကြက်ဥများ  ထောက်ပံ့ပေးအပ်ပြီး အားပေးစကားများ    ပြောကြား ခဲ့ကြောင်း သိရသည်။ 


ခရိုင်(ပြန်/ဆက်)