ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာန ၂၂၅ ခုမှ အလုပ်အကိုင် ၃၅ မျိုးအတွက် ကျွမ်းကျင်လုပ်သား ၂၂၅၉၃ ဦး မွေးထုတ်ပေးနိုင်ခဲ့

 

ရန်ကုန်   မေ   ၁၃


မြန်မာနိုင်ငံ   လုပ်သားများကျွမ်းကျင်မှု   “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA)၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ် ပေးအပ်ပွဲအခမ်းအနားကို  မေ ၁၂ ရက်က ရန်ကုန်တိုင်းဒေသကြီး  ဆောက်လုပ်ရေးဝန်ကြီးဌာန  ဗဟိုသင်တန်းကျောင်း (သုဝဏ္ဏ)ခန်းမ၌ ကိုဗစ်- ၁၉ ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပသည်။

 


အခမ်းအနားသို့      အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး၊ အလုပ်သမားညွှန်ကြား ရေးဦးစီးဌာန   ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး   အလုပ်သမားရေးရာဌာန များမှ တာဝန်ရှိသူများ၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ် ရေးနှင့်    အသိအမှတ်ပြုရေးကော်မတီ  (ACC) နှင့် အလုပ်အကိုင်ဆိုင်ရာ     ကျွမ်းကျင်မှုလေ့ကျင့်ရေး ကော်မတီဝင်များ၊   သက်ဆိုင်ရာ   အလုပ်အကိုင် အလိုက် ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးကော်မတီ ဝင်များ၊   UMFCCI ၊   မြန်မာနိုင်ငံ  အင်ဂျင်နီယာ အသင်းချုပ်၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင် များအသင်းချုပ်တို့မှ  တာဝန်ရှိသူများ၊ ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်ရယူမည့်      ကျွမ်းကျင် လုပ်သားများ၊  ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာနတာဝန်ခံများ တက်ရောက်ကြသည်။ 

 


အခမ်းအနားတွင်    မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ”သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ဥက္ကဋ္ဌ  အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးကနိုင်ငံတော်အကြီးအကဲ၏       လမ်းညွှန်ချက်ကို အကောင်အထည်ဖော်  ဆောင်ရွက်ပေးမှုအနေဖြင့် မြန်မာလုပ်သားများ      ကျွမ်းကျင်မှုမြင့်မားစေရေး အတွက်  ၂၀၁၄  ခုနှစ်မှ  စတင်ဆောင်ရွက်ခဲ့သည့် NSSA   မှ   ကျွမ်းကျင်မှု  စစ်ဆေးအကဲဖြတ်ခြင်း လုပ်ငန်းစဉ်များကို အရှိန်မြှင့်တင် ဆောင်ရွက်လျက် ရှိရာ ယနေ့အထိ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေး ဌာန   ၂၂၅  ခုမှ  အလုပ်အကိုင်  ၃၅  မျိုးအတွက် ကျွမ်းကျင်လုပ်သား ၂၂၅၉၃ ဦးကို မွေးထုတ်ပေးနိုင် ခဲ့ကြောင်း၊    ၂၀၂၂ - ၂၀၂၃   ဘဏ္ဍာနှစ်အတွင်း ဖြေဆိုသူ  ၅၀၀၀ စစ်ဆေးအကဲဖြတ်ရန် လျာထားပြီး ၅၇၇၄ ဦး စစ်ဆေးအကဲဖြတ်နိုင်ခဲ့သဖြင့် လျာထား ချက် ကျော်လွန်အောင် ဆောင်ရွက်ပေးနိုင်ခဲ့မှုအတွက် တာဝန်ရှိသူများကို ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း၊ ၂၀၂၃-၂၀၂၄   ဘဏ္ဍာနှစ်တွင်  လုပ်သား  ၃၅၀၀  စစ်ဆေးအကဲဖြတ်နိုင်ရေး လျာထားသဖြင့် သတ်မှတ် ချက်  ပြည့်မီကျော်လွန်အောင်   ကော်မတီအလိုက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပေးကြရန်   တိုက်တွန်း ပြောကြားသည်။

 


ဆက်လက်၍ အလုပ်အကိုင် ၁၈ မျိုးမှ ကျွမ်းကျင် လုပ်သား ၁၀၉၃ ဦးနှင့် အသိအမှတ်ပြုကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဌာန ၁၁ ခုကို အသိအမှတ်ပြု လက်မှတ်များ ပေးအပ်ခဲ့သည်။            

သတင်းစဉ်