ပုဂ္ဂလိက ပညာရေးဥပဒေ ပြဋ္ဌာန်း

 

(ယမန်နေ့မှအဆက်)
    ( ဇ )    တည်ထောင်သူ သို့မဟုတ် စီမံအုပ်ချုပ်သူ ပြောင်းလဲခြင်း၊ ကိုယ်ပိုင်   သို့မဟုတ်   ပုဂ္ဂလိက‌ကျောင်း၏   အမည် ပြောင်းလဲခြင်း   သို့မဟုတ်   တည်နေရာပြောင်းရွှေ့ ဖွင့်လှစ်ခြင်းကို ကြီးကြပ်ရေးအဖွဲ့ သို့မဟုတ် သက်ဆိုင်ရာ ဒေသဆိုင်ရာ   ကြီးကြပ်ရေးအဖွဲ့၏   ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ရမည်။ 
    ( ဈ )    ပညာသင်နှစ်အလိုက်   ကျောင်းပိတ်ရက်နှင့်  အများ ပြည်သူအလုပ်ပိတ်ရက်များမှတစ်ပါး တစ်ဆက်တည်း ခုနစ်ရက်ထက်ပို၍ သင်ကြားမှုရပ်နားလိုပါက သက်ဆိုင်ရာ ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့၏ ခွင့်ပြုချက်ရယူရမည်။ 
    ( ည )    ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း၏ ဖွင့်လှစ်ဆဲ သင်တန်းတစ်ခုခုရပ်နားလိုပါက သင်တန်းတက်ရောက် ဆဲ  သင်ယူသူများ၏  အခွင့်အရေး မဆုံးရှုံးစေရန်နှင့် ကျောင်းသားမိဘများ၏ နစ်နာဆုံးရှုံးမှုများ မရှိစေရန် ကြီးကြပ်ရေးအဖွဲ့ သို့မဟုတ် သက်ဆိုင်ရာ ဒေသဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့၏ ခွင့်ပြုချက်ရယူရမည်။
    ( ဋ )    ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း၏ အဆောက်အဦ များ၊ ပရိဝုဏ်များ ဖျက်ဆီးခံရခြင်း၊ ပျက်စီးခြင်း သို့မဟုတ် အခြားအကြောင်းတစ်ခုခုကြောင့် အသုံးပြု၍ မရတော့ ခြင်းဖြစ်ပေါ်လာပါက နှောင့်နှေးကြန့်ကြာမှုမရှိဘဲ ပြုပြင် ၍ ကျောင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ရမည်။
    ( ဌ )    ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း၏ ကြော်ငြာများ တွင် မှန်ကန်သောအချက်အလက်များကို ဖော်ပြရမည်။
    ( ဍ )    သင်ယူသူတစ်ဦးချင်းစီ၏     ကိုယ်ရေးအချက်အလက်၊ သင်ယူတတ်မြောက်မှုအရည်အချင်း၊   ကျောင်းဝင်၊ ကျောင်းထွက်၊     ကျောင်းပြောင်း   မှတ်တမ်းများကို သတ်မှတ်ချက်နှင့်အညီ ထားရှိရမည်။
    ( ဎ )    သက်ဆိုင်ရာသင်တန်း သတ်မှတ်ချက်နှင့်အညီ သင်ယူသူ ၏   အရည်အချင်းနှင့်   ကျွမ်းကျင်မှုကို  စစ်ဆေး၍ သင်တန်းပြီးဆုံးကြောင်းလက်မှတ်၊ အောင်လက်မှတ်၊ ဒီပလိုမာနှင့် ဘွဲ့လက်မှတ်တို့ကို သတ်မှတ်ချက်နှင့်အညီ စိစစ်ထုတ်ပေးရမည်။
     (ဏ)    သင်ယူသူအတွက် အတန်းတင်ခြင်း၊ တန်းခွဲသတ်မှတ် ခြင်း၊ ကျောင်းပြောင်းလက်မှတ် သို့မဟုတ် ကျောင်းထွက် လက်မှတ် ထုတ်ပေးခြင်းတို့ကို သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်ရမည်။
    (တ)    ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း မှတ်ပုံတင်စဉ်က တင်ပြသော အချက်အလက်များနှင့်အညီ လုပ်ငန်းများ ဆောင်ရွက်ရမည်။
    (ထ)     ကြီးကြပ်ရေးအဖွဲ့နှင့်    သက်ဆိုင်ရာ   ဒေသဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့က အခါအားလျော်စွာ ထုတ်ပြန်သည့် ညွှန်ကြားချက်များကို လိုက်နာရမည်။
၃၁။    ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိက‌ကျောင်းသည် အောက်ပါတို့ကို လိုက်နာဆောင်ရွက်ရမည်  -
    (က)    သင်ကြားနည်းနှင့် စစ်ဆေးအကဲဖြတ်နည်းများကို သင်ရိုး ညွှန်းတမ်းအညွှန်းဘောင်နှင့်အညီ ဆောင်ရွက်ခြင်း၊
    ( ခ )    ကိုယ်ပိုင်    သို့မဟုတ်   ပုဂ္ဂလိကကျောင်းအမျိုးအစား အလိုက် ထားရှိရမည့် ကြီးကြပ်ရေးအဖွဲ့က သတ်မှတ် သည့် စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ခြင်း၊
    ( ဂ )    ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိက‌ကျောင်း၏ သင်တန်းများ တွင်   ဘာသာရပ်အလိုက်   သင်ကြားမည့်  ပုဂ္ဂလိက ‌ကျောင်းဆရာ၏ အရည်အ‌သွေးသည် ဝန်ကြီးဌာနက ချမှတ်ထားသော  အရည်အ‌သွေးပိုင်းဆိုင်ရာ  မူဝါဒနှင့် ညီညွတ်ရမည့်အပြင် သက်ဆိုင်ရာ ဥပဒေအရ သတ်မှတ် အရည်အချင်းနှင့် ပြည့်စုံခြင်း၊
    (ဃ)    ပုဂ္ဂလိက‌ကျောင်းဆရာဦးရေလုံလောက်မှုရှိခြင်း၊
    (  င  )    ပုဂ္ဂလိက‌ကျောင်းဆရာ၏ သင်ကြားမှုအရည်အ‌သွေး တိုးတက်စေရေးအတွက် ဆောင်ရွက်ခြင်း၊
    (  စ  )    သင်ယူသူများ    စည်းကမ်းလိုက်နာစေရေး၊   အကျင့် စာရိတ္တကောင်းမွန်စေရေးနှင့်     ကျန်းမာကြံ့ခိုင်စေရေး တို့ကို ဆောင်ရွက်ခြင်း၊
    (ဆ)    သင်တန်းပြီးဆုံးကြောင်းလက်မှတ်၊ အောင်လက်မှတ်၊ ဒီပလိုမာ၊  ဘွဲ့  သို့မဟုတ်  ဂုဏ်ထူးဆောင်ဘွဲ့ပေးအပ် ရာတွင်  သတ်မှတ်အရည်အချင်း  ပြည့်မီကိုက်ညီရေး ဆောင်ရွက်ခြင်း၊
    (  ဇ  )    သင်တန်းပြီးဆုံးကြောင်းလက်မှတ်၊ အောင်လက်မှတ်၊ ဒီပလိုမာ သို့မဟုတ် ဘွဲ့ကို သတ်မှတ်ထားသော အချိန် အတွင်း ပေးအပ်ခြင်း၊
    (  ဈ  )    ကျောင်းတက်ချိန်၊ ကျောင်းဆင်းချိန်များကို ကြိုတင် သတ်မှတ်၍ ဆောင်ရွက်ခြင်း၊
    (ည)    နှစ်ပတ်လည်အစီရင်ခံစာကို သက်ဆိုင်ရာ ဒေသဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့သို့   သတ်မှတ်ချက်နှင့်အညီ  နှစ်စဉ် တင်သွင်းခြင်း၊
    ( ဋ )    ကိုယ်ပိုင်  သို့မဟုတ်  ပုဂ္ဂလိက‌ကျောင်းနှင့်  သက်ဆိုင် သည့် စာရင်းအင်းအချက်အလက်များကို စနစ်တကျ ပြုစုထိန်းသိမ်းထားရှိရမည်ဖြစ်ပြီး သက်ဆိုင်ရာ ဒေသ ဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့က လိုအပ်၍ တောင်းခံလျှင် တင်ပြခြင်း၊
    (  ဌ  )    နိုင်ငံခြားသားပုဂ္ဂလိက‌ကျောင်းဆရာ  သို့မဟုတ်  နိုင်ငံ ခြားသားစီမံအုပ်ချုပ်သူ သို့မဟုတ် နိုင်ငံခြားသားဝန်ထမ်း များကို ခန့်အပ်ခြင်း၊ တာဝန်မှရပ်ဆိုင်းခြင်း၊ ထုတ်ပယ် ခြင်း သို့မဟုတ် အလုပ်ခန့်ထားမှုဆိုင်ရာ စာချုပ်ရပ်စဲခြင်း ပြုလုပ်လျှင်  ထိုသို့ပြုလုပ်သည့်နေ့မှ  ၁၄  ရက်အတွင်း သက်ဆိုင်ရာ ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့မှတစ်ဆင့် ကြီးကြပ်ရေးအဖွဲ့သို့ တင်ပြခြင်း၊
    (  ဍ  )    ကြီးကြပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာ ဒေသဆိုင်ရာ ကြီးကြပ် ရေးအဖွဲ့တို့က    အခါအားလျော်စွာ   ထုတ်ပြန်သည့် ညွှန်ကြားချက်များကို လိုက်နာခြင်း၊ 
    (ဎ)    ကိုယ်ပိုင် သို့မဟုတ်  ပုဂ္ဂလိက‌ကျောင်း ပညာရေးဖွံ့ဖြိုး တိုးတက်မှုအတွက် ကြီးကြပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာ ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့တို့က အခါအားလျော်စွာ ပေးအပ်သည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း။
၃၂။    ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိက‌အခြေခံပညာကျောင်းများသည် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်ရမည် - 
    (က)    နိုင်ငံတကာသင်ရိုးညွှန်းတမ်းနှင့် သင်ကြားသော ကိုယ်ပိုင် သို့မဟုတ်  ပုဂ္ဂလိက  အခြေခံပညာကျောင်းများမှအပ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကအခြေခံပညာကျောင်းများ တွင်  ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်စေရန်၊   မြန်မာ့ ယဉ်ကျေးမှုမပျောက်ပျက်စေရန်  မြန်မာစာ၊  မြန်မာ့ သမိုင်းနှင့်  မြန်မာ့ပထဝီဝင်အပါအဝင်  အမျိုးသားသင်ရိုး ညွှန်းတမ်းကော်မတီက   သတ်မှတ်ထားသည့်  သင်ရိုး ညွှန်းတမ်းအပြည့်အစုံကို သင်ကြားခြင်း၊
    ( ခ )     နိုင်ငံတကာသင်ရိုးညွှန်းတမ်းနှင့် သင်ကြားသော ကိုယ်ပိုင် သို့မဟုတ်    ပုဂ္ဂလိကအခြေခံပညာကျောင်းများတွင်  မြန်မာနိုင်ငံသား     သင်ယူသူများအား   ပြည်ထောင်စု စိတ်ဓာတ်ရှင်သန်စေရန်၊ မြန်မာ့ယဉ်ကျေးမှု မပျောက် ပျက်စေရန် အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီက သတ်မှတ်ထားသည့် မြန်မာစာ၊ မြန်မာ့သမိုင်းနှင့် မြန်မာ့ ပထဝီဝင် သင်ရိုးညွှန်းတမ်းအပြည့်အစုံကို သင်ကြားခြင်း၊ 
    ( ဂ )    နိုင်ငံတကာသင်ရိုးညွှန်းတမ်းနှင့် သင်ကြားသော ကိုယ်ပိုင် သို့မဟုတ်     ပုဂ္ဂလိကအခြေခံပညာကျောင်းများတွင် မြန်မာစာသင်ကြားလိုသော နိုင်ငံခြားသားသင်ယူသူများ အား သက်ဆိုင်ရာအတန်းနှင့် လိုက်လျောညီထွေသည့် အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီက သတ်မှတ်ထား သော မြန်မာစာသင်ရိုးညွှန်းတမ်းဖြင့် သင်ကြားခြင်း။
၃၃။    ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိက နည်းပညာနှင့် သက်မွေးဆိုင်ရာ ပညာရေးနှင့် လေ့ကျင့်ရေးကျောင်းများသည် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်ရမည် - 
    (က)    သက်ဆိုင်ရာဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း၊
    ( ခ )    သက်ဆိုင်ရာဝန်ကြီးဌာန၏      သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ခြင်း၊
    ( ဂ )    သတ်မှတ်သင်တန်းများ      တက်ရောက်နေဆဲဖြစ်စေ၊ ပြီးဆုံးအောင်မြင်ပြီးနောက်ဖြစ်စေ  ဆက်လက်ပညာ သင်ယူလိုသော သင်ယူသူအတွက် ကူးပြောင်းချိတ်ဆက် သင်ယူခွင့်အစီအစဉ်များ   စနစ်တကျ  ရေးဆွဲချမှတ် ထားခြင်း၊
    (ဃ)    သင်တန်းပြီးဆုံးကြောင်းလက်မှတ်၊ အောင်လက်မှတ်၊ ဒီပလိုမာ၊ ဘွဲ့၊ ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ခြင်းကို အမျိုးသားပညာရေးအဆင့်အတန်းနှင့်  အရည်အသွေး အာမခံမှုအကဲဖြတ်ကော်မတီ၏ သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်ခြင်း၊
    ( င )    နည်းပညာနှင့် သက်မွေးပညာရေးအဆင့် ခွဲခြားသတ်မှတ် ခြင်းကို အမျိုးသားပညာရေးဥပဒေနှင့်အညီ ဆောင်ရွက် ခြင်း၊
၃၄။    ကိုယ်ပိုင်  သို့မဟုတ်  ပုဂ္ဂလိကအဆင့်မြင့်ပညာကျောင်းများ သည် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်ရမည် - 
    (က)    ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းသည် တက္ကသိုလ် ဖြစ်ပါက  သက်ဆိုင်ရာ  တက္ကသိုလ်အလိုက်  ပဋိညာဉ် စာတမ်းရေးဆွဲပြီး   ဝန်ကြီးဌာန၏   အတည်ပြုချက် ရယူခြင်း၊
    ( ခ )    တက္ကသိုလ်၏ စီမံခန့်ခွဲရေးကို သက်ဆိုင်ရာ တက္ကသိုလ် ပဋိညာဉ်စာတမ်းနှင့်အညီ ဆောင်ရွက်ခြင်း၊
    ( ဂ )    အသုံးချသုတေသနလုပ်ငန်းများကို      စနစ်တကျ ဆောင်ရွက်ခြင်း၊
    (ဃ)    ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ဂုဏ်ထူးဆောင်ဘွဲ့များကို အပ်နှင်းချီးမြှင့်ခြင်း၊ 
    ( င )    ဘာသာရပ်ဆိုင်ရာ     အသင်းအဖွဲ့များ၊    လူမှုရေးနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များကို သက်ဆိုင်ရာ တက္ကသိုလ် ပဋိညာဉ်စာတမ်းနှင့်အညီ ဖွဲ့စည်းဆောင်ရွက်ခြင်း၊ 
    ( စ )    သတ်မှတ်သင်တန်းများ   တက်ရောက်နေဆဲဖြစ်စေ၊ ပြီးဆုံးအောင်မြင်ပြီးနောက်ဖြစ်စေ   ဆက်လက်ပညာ သင်ယူလိုသော သင်ယူသူအတွက် ကူးပြောင်းချိတ်ဆက် သင်ယူခွင့်   အစီအစဉ်များ  စနစ်တကျ  ရေးဆွဲချမှတ် ထားခြင်း။ 
၃၅။    ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိက‌ကျောင်း၏ သင်ယူသူများသည်-
    (က)    အစိုးရကျောင်း၏   သင်ယူသူများနည်းတူ  သက်ဆိုင်ရာ အရည်အ‌သွေးသတ်မှတ်ချက်များနှင့်အညီ  သင်ကြား သင်ယူမှုနှင့်  ပညာရည်ဖွံ့ဖြိုးမှုအခွင့်အလမ်းများ  ရရှိ ရမည်။ 
    ( ခ )    ကိုယ်ပိုင်   သို့မဟုတ်  ပုဂ္ဂလိက‌ကျောင်းများနှင့်  အစိုးရ ကျောင်းများအကြား အရည်အ‌သွေး သတ်မှတ်ချက်များ နှင့်အညီ ဆက်သွယ်ကူးပြောင်းသင်ယူနိုင်သည်။
    ( ဂ )    နိုင်ငံတော်က   သတ်မှတ်ထားသည့်   ပညာရေးအဆင့် ပြီးမြောက်ကြောင်းစာမေးပွဲကို    သတ်မှတ်ချက်နှင့် ကိုက်ညီပါက ဝင်ရောက်ဖြေဆိုနိုင်သည်။
အခန်း (၁၀)
ပုဂ္ဂလိကကျောင်းဆရာ
၃၆။    (က)    ကိုယ်ပိုင်   သို့မဟုတ်  ပုဂ္ဂလိက‌ကျောင်းတွင်  ပုဂ္ဂလိက‌ ကျောင်းဆရာအဖြစ် ဆောင်ရွက်လိုသူသည် မှတ်ပုံတင် လက်မှတ်ရရှိရန် -
        ( ၁ )    မြန်မာနိုင်ငံသားဖြစ်ပါက သက်ဆိုင်ရာ ဒေသဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့သို့    သတ်မှတ်ချက်နှင့်အညီ လျှောက်ထားရမည်။    
                ( ၂ )    နိုင်ငံခြားသားဖြစ်ပါက   သက်ဆိုင်ရာ  ကိုယ်ပိုင် သို့မဟုတ်  ပုဂ္ဂလိက‌ကျောင်း၏   ထောက်ခံချက်ဖြင့်   သက်ဆိုင်ရာ  ဒေသဆိုင်ရာ   ကြီးကြပ်ရေးအဖွဲ့သို့   သတ်မှတ်ချက်နှင့်အညီ  လျှောက်ထားရမည်။  
    (ခ)    ပုဂ္ဂလိကကျောင်းဆရာ မှတ်ပုံတင်လက်မှတ်သက်တမ်း သည် စတင်ထုတ်ပေးသည့်နေ့မှစ၍ သုံးနှစ်ဖြစ်သည်။ ပုဂ္ဂလိကကျောင်းဆရာ မှတ်ပုံတင်လက်မှတ် သက်တမ်း တိုးမြှင့်လိုပါက    ခွင့်ပြုသက်တမ်းမကုန်ဆုံးမီ  သုံးလ ကြိုတင်၍ လျှောက်ထားရမည်။
၃၇။     ပုဂ္ဂလိက‌ကျောင်းဆရာအဖြစ်      မှတ်ပုံတင်ခွင့်ရရှိသူသည် သက်ဆိုင်ရာဌာနငွေစာရင်းသို့ သတ်မှတ်ထားသော  မှတ်ပုံတင်ကြေး နှင့် နှစ်စဉ်ကြေးပေးသွင်းပြီး မှတ်ပုံတင်လက်မှတ် ရယူရမည်။
၃၈။     ပုဂ္ဂလိက‌အခြေခံပညာကျောင်းဆရာသည်     အနည်းဆုံး  အောက်ပါအရည်အချင်း  သတ်မှတ်ချက်တစ်ရပ်ရပ်နှင့်  ကိုက်ညီသူ ဖြစ်ရမည်-
    (က)    ပြည်တွင်း    သို့မဟုတ်   ပြည်ပတက္ကသိုလ်တစ်ခုခုမှ သက်ဆိုင်ရာ  ဘာသာရပ်နယ်ပယ်အလိုက်  မဟာဘွဲ့၊ ပါရဂူဘွဲ့ သို့မဟုတ် ပညာရေးဘွဲ့ရရှိသူ၊ 
    ( ခ )    ပြည်တွင်း သို့မဟုတ် ပြည်ပ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိ ပြီး  ဆရာအတတ်ပညာဆိုင်ရာဒီပလိုမာ  သို့မဟုတ် လက်မှတ်ရရှိသူ၊ 
    ( ဂ )    ပြည်တွင်း သို့မဟုတ် ပြည်ပတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိ ပြီး ဝန်ကြီးဌာနက ဖွင့်လှစ်သော ဆရာအတတ်ပညာ ရက်တိုသင်တန်းဆင်းလက်မှတ်ရရှိသူ၊    (ဃ)     ပုဒ်မခွဲ(က) မှ (ဂ)အထိ သတ်မှတ်အရည်အချင်းများနှင့် ပြည့်စုံမှုမရှိသော်လည်း ပြည်တွင်း သို့မဟုတ် ပြည်ပ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး တက္ကသိုလ်၊ ကောလိပ် သို့မဟုတ် အခြေခံပညာကျောင်းဆရာဖြစ်စေ၊ နိုင်ငံတော် မှ ခွင့်ပြုထားသည့် ဘာသာရပ်ဆရာဖြစ်စေ ဆောင်ရွက် ခဲ့ပြီး   ဘာသာရပ်ဆိုင်ရာ   သင်ကြားမှုအတွေ့အကြုံ အနည်းဆုံး ငါးနှစ်ရှိသူ။
၃၉။    ပုဂ္ဂလိက‌နည်းပညာနှင့်   သက်မွေးဆိုင်ရာ  ပညာရေးနှင့် လေ့ကျင့်ရေးကျောင်းဆရာသည် သက်ဆိုင်ရာ ဥပဒေများနှင့်အညီ သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသူဖြစ်ရမည်။
၄၀။    ပုဂ္ဂလိက‌အဆင့်မြင့်ပညာကျောင်းဆရာသည်      ပြည်တွင်း သို့မဟုတ်  ပြည်ပတက္ကသိုလ်တစ်ခုခုမှ   သက်ဆိုင်ရာ  ဘာသာရပ် နယ်ပယ်အလိုက် မဟာဘွဲ့ သို့မဟုတ် ပါရဂူဘွဲ့ရရှိထားသူ ဖြစ်ရမည်။
၄၁။     ပုဂ္ဂလိက‌ကျောင်းဆရာသည် -
    (က)    နိုင်ငံတော်အပေါ် သစ္စာစောင့်သိရိုသေရမည်။   
    ( ခ )     ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်  တည်ဆဲဥပဒေများကို လိုက်နာ ရမည်။
    ( ဂ )     မိမိအားပေးအပ်ထားသော  တာဝန်နှင့် ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ရမည်။
    (ဃ)     အကျင့်စာရိတ္တပျက်ပြားခြင်းနှင့် သိက္ခာမဲ့စွာ ပြုမူနေထိုင် ခြင်းတို့မှ ရှောင်ကြဉ်ရမည်။
    ( င )     တာဝန်အရအပ်နှင်းထားသည့်လုပ်ပိုင်ခွင့်ကို အလွဲသုံးစား ပြုခြင်းမှ ရှောင်ကြဉ်ရမည်။
    ( စ )     လာဘ်ပေးလာဘ်ယူပြုလုပ်ခြင်းမှ ရှောင်ကြဉ်ရမည်။
အခန်း (၁၁)
အရည်အသွေးအကဲဖြတ်မှုနှင့် အရည်အသွေးအာမခံမှု
၄၂။    ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းသည် အမျိုးသားပညာရေး အဆင့်မူဘောင်ကို ကိုးကား၍ အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှုအကဲဖြတ်ကော်မတီက ချမှတ်သည့် ပညာ အရည်အသွေးဆိုင်ရာ    စံနှုန်းများအတိုင်း   ပညာအရည်အသွေး တိုးတက်မှုအတွက် ဆောင်ရွက်ရမည်။
၄၃။    ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းအသီးသီးသည် -
    (က)    အသိအမှတ်ပြုမှုရရှိရေး၊ အရည်အသွေးအာမခံမှုရှိရေး ကိစ္စများနှင့်စပ်လျဉ်း၍   အမျိုးသားပညာရေးအဆင့် အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ကော်မတီ ၏ သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်ရမည်။
    ( ခ )    အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေး အာမခံမှု   အကဲဖြတ်ကော်မတီက   သတ်မှတ်သော အဆင့်အလိုက် အရည်အသွေးအာမခံမှုဆိုင်ရာ စစ်ဆေး ခြင်းများကို ခံယူရမည်။
၄၄။    အောက်ဖော်ပြပါ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများသည် သက်ဆိုင်ရာ   ဥပဒေနှင့်အညီ   သတ်မှတ်ထားသော  အမျိုးသား ပညာရေးအဆင့်မူဘောင်နှင့်  လည်းကောင်း၊   စံချိန်စံညွှန်းများနှင့် လည်းကောင်း ကိုက်ညီရမည်-
    (က)    ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကနည်းပညာနှင့် သက်မွေး ဆိုင်ရာ ပညာရေးနှင့် လေ့ကျင့်ရေးကျောင်း၊
    ( ခ )     ဝန်ကြီးဌာနက    အခါအားလျော်စွာသတ်မှတ်သည့် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း။
အခန်း (၁၂)
ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း အပြီးပိတ်သိမ်းခြင်းနှင့် စာရင်းရှင်းလင်းခြင်း
၄၅။    တည်ထောင်သူသည် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိက‌ကျောင်းကို အပြီးပိတ်သိမ်းလိုပါက ရက်ပေါင်း ၁၂၀ ကြိုတင်၍ အ‌ကြောင်းပြချက် ခိုင်လုံစွာ  ဖော်ပြထားသည့်  ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိက‌ကျောင်း အပြီးပိတ်သိမ်းခွင့်လျှောက်လွှာကို သက်ဆိုင်ရာ ဒေသဆိုင်ရာကြီးကြပ် ရေးအဖွဲ့သို့ လျှောက်ထားရမည်။ 
၄၆။    တည်ထောင်သူသည် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း အပြီးပိတ်သိမ်းခြင်းနှင့်စပ်လျဉ်း၍    စာရင်းရှင်းလင်းရေးအတွက် သက်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆောင်ရွက်ရမည်။ 
၄၇။    တည်ထောင်သူသည် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းကို အပြီးပိတ်သိမ်းပါက   ပုဂ္ဂလိကကျောင်းဆရာနှင့် ဝန်ထမ်းများကို အလုပ်ခန့်ထားမှုဆိုင်ရာ   သဘောတူစာချုပ်နှင့်အညီ  ဆောင်ရွက် ရမည်။
၄၈။    တည်ထောင်သူသည် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းကို အပြီးပိတ်သိမ်းပါက သင်ကြားပြီးဆုံးသော ပညာသင်နှစ်အတွက်မှအပ ကျန်ရှိသော ပညာသင်နှစ်အတွက် သင်ယူသူများ ကြိုတင်ပေးသွင်း ထားသော ကျောင်းလခ၊ သင်တန်းကြေးနှင့် အခြားအခကြေးငွေများ ရှိပါက ယင်းတို့ကို အပြည့်အဝ ပြန်လည်ပေးအပ်ရမည်။ 
၄၉။    တည်ထောင်သူသည် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းကို အပြီးပိတ်သိမ်းလိုပါက  ပုဒ်မ  ၄၈ ပါ ကိစ္စရပ်များကို ပြီးစီးအောင် ဆောင်ရွက်၍ စည်းကမ်းချက်များနှင့်အညီ စာရင်းရှင်းလင်းပြီးမှသာ သက်ဆိုင်ရာ   ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့ထံသို့  လျှောက်ထား ရမည်။
၅၀။    ကိုယ်ပိုင်  သို့မဟုတ်  ပုဂ္ဂလိက‌ကျောင်း အပြီးပိတ်သိမ်းခွင့်ပြု သည့်အခါ ပညာရေးဆိုင်ရာ လက်မှတ် သို့မဟုတ် အထောက်အထားကို သင်ယူသူအတွက် ထုတ်ပေးရန် လိုအပ်လျှင် ဝန်ကြီးဌာန သို့မဟုတ် သက်ဆိုင်ရာ   ဝန်ကြီးဌာနက   တာဝန်ပေးအပ်သော   ဌာနသည် ယင်းကျောင်းကိုယ်စား   ပညာရေးဆိုင်ရာ   လက်မှတ်  သို့မဟုတ် အထောက်အထားကို သင်ယူသူအား သတ်မှတ်ချက်နှင့်ညီညွတ်ပါက ထုတ်ပေးရမည်။ 
အခန်း (၁၃)
စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်းနှင့် အယူခံခြင်း
၅၁။    ကြီးကြပ်ရေးအဖွဲ့သည်  ပုဒ်မ  ၂၈၊ ပုဒ်မ ၃၀၊ ပုဒ်မ ၃၁၊ ပုဒ်မ ၃၂၊ ပုဒ်မ ၃၃ နှင့် ပုဒ်မ ၃၄ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်နှင့် ဤဥပဒေအရ ထုတ်ပြန်သည့်  နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်၊ အမိန့် ကြော်ငြာစာ၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများပါ သတ်မှတ် ချက်  တစ်ရပ်ရပ်ကို  လိုက်နာရန်  ပျက်ကွက်ပါက  တည်ထောင်သူ၊ စီမံအုပ်ချုပ်သူ သို့မဟုတ် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းအား အောက်ဖော်ပြပါ  စီမံခန့်ခွဲရေးဆိုင်ရာ  ပြစ်ဒဏ်တစ်ရပ်ရပ်ဖြစ်စေ၊ တစ်ရပ်ထက်ပို၍ ဖြစ်စေချမှတ်နိုင်သည် -
    (က)    စာဖြင့်သတိပေးခြင်း၊
    ( ခ )    ဒဏ်ကြေးငွေတပ်ရိုက်ခြင်း၊
    ( ဂ )    ကိုယ်ပိုင်   သို့မဟုတ်   ပုဂ္ဂလိကကျောင်း  မှတ်ပုံတင် လက်မှတ်ကို ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း၊
    (ဃ)    ကိုယ်ပိုင်   သို့မဟုတ်   ပုဂ္ဂလိကကျောင်း  မှတ်ပုံတင် လက်မှတ်ကို ပယ်ဖျက်ခြင်း၊
    ( င )    ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း မှတ်ပုံတင်လက်မှတ် ကို ပယ်ဖျက်၍ အမည်ပျက်စာရင်း ထည့်သွင်းခြင်း။
၅၂။    ကြီးကြပ်ရေးအဖွဲ့သည် မှတ်ပုံတင်လက်မှတ်ပါ စည်းကမ်းချက် တစ်ရပ်ရပ်ကို လိုက်နာရန် ပျက်ကွက်သော ပုဂ္ဂလိက‌ကျောင်းဆရာ အား စာဖြင့်သတိပေးခြင်း သို့မဟုတ် မှတ်ပုံတင်လက်မှတ်ကို ကာလ အကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း သို့မဟုတ် မှတ်ပုံတင်လက်မှတ်ကို ပယ်ဖျက်ခြင်း ပြုရမည်။
၅၃။    ကြီးကြပ်ရေးအဖွဲ့က ချမှတ်သော စီမံခန့်ခွဲရေးဆိုင်ရာ အမိန့် တစ်ရပ်ရပ်ကို မကျေနပ်သူသည် ဝန်ကြီးဌာနကဖွဲ့စည်းသော အယူခံ အဖွဲ့သို့ အမိန့်ချမှတ်သည့်နေ့မှ   ရက်ပေါင်း  ၆၀  အတွင်း  အယူခံ ဝင်ရောက်နိုင်သည်။ 
၅၄။    ဝန်ကြီးဌာနသည်   သင့်လျော်သောပုဂ္ဂိုလ်  အနည်းဆုံး  သုံးဦး ပါဝင်သော အယူခံအဖွဲ့ကို ဖွဲ့စည်းရမည်။
၅၅။    အယူခံအဖွဲ့သည်    ကြီးကြပ်ရေးအဖွဲ့၏   ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းကို ပြုလုပ် နိုင်သည်။ 
၅၆။    အယူခံအဖွဲ့၏ဆုံးဖြတ်ချက်သည် အပြီးအပြတ် ဖြစ်သည်။ 
အခန်း (၁၄)
တားမြစ်ချက်များ
၅၇။    မည်သူမျှ  ကိုယ်ပိုင်  သို့မဟုတ်  ပုဂ္ဂလိက‌ကျောင်း  မှတ်ပုံတင် လက်မှတ်မရှိဘဲ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိက‌ကျောင်းကို တည်ထောင် ဖွင့်လှစ်ခြင်းမပြုရ။
၅၈။    မည်သူမျှ   စီမံခန့်ခွဲရေးနည်းလမ်းအရ  ကိုယ်ပိုင်  သို့မဟုတ် ပုဂ္ဂလိက‌ကျောင်း မှတ်ပုံတင်လက်မှတ်ကို ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းပြုသည့်ကာလအတွင်း အဆိုပါ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းကို ဖွင့်လှစ်ခြင်းမပြုရ။
၅၉။    မည်သူမျှ-
    (က)    ကိုယ်ပိုင်   သို့မဟုတ်   ပုဂ္ဂလိက‌ကျောင်း  မှတ်ပုံတင် လျှောက်လွှာတွင်  အချက်အလက်များကို  မမှန်မကန် ဖော်ပြခြင်းမပြုရ၊
    ( ခ )    ကိုယ်ပိုင်   သို့မဟုတ်  ပုဂ္ဂလိကကျောင်း၏  မှတ်ပုံတင် လက်မှတ်ပါ   အချက်အလက်တစ်ခုခုကို  ကြီးကြပ်ရေး အဖွဲ့ သို့မဟုတ် သက်ဆိုင်ရာ ဒေသဆိုင်ရာ ကြီးကြပ်ရေး အဖွဲ့၏ ခွင့်ပြုချက်မရှိဘဲ ပြင်ဆင်ပြောင်းလဲခြင်းမပြုရ၊ 
    ( ဂ )    ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းနှင့် စပ်လျဉ်း၍ မမှန်မကန် ကြော်ငြာခြင်းမပြုရ၊ 
    (ဃ)    ဤဥပဒေနှင့်အညီ မှတ်ပုံတင်ထားခြင်းမရှိဘဲ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိက‌ ကျောင်းအဖြစ် ကြော်ငြာခြင်း မပြုရ၊
    ( င )     ကိုယ်ပိုင်   သို့မဟုတ်   ပုဂ္ဂလိက‌ကျောင်း  မှတ်ပုံတင် လက်မှတ်ကို အခြားသူ သို့မဟုတ် အဖွဲ့အစည်းတစ်ခုခု အား လွှဲပြောင်းသုံးစွဲခွင့် မပြုရ၊
    ( စ )     ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းကို ကြီးကြပ်ရေး အဖွဲ့ သို့မဟုတ် သက်ဆိုင်ရာ ဒေသဆိုင်ရာကြီးကြပ်ရေး အဖွဲ့၏ ခွင့်ပြုချက်မရရှိဘဲ အပြီးပိတ်သိမ်းခြင်း သို့မဟုတ် အချင်းချင်း ပေါင်းစည်းခြင်း မပြုရ။
၆၀။    မည်သူမျှ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း၏ အမည်နှင့် စပ်လျဉ်း၍ ပြည်တွင်း သို့မဟုတ် ပြည်ပရှိ ကျောင်း သို့မဟုတ် ပညာရေး အဖွဲ့အစည်းတစ်ခုခုနှင့် တရားဝင်ပေါင်းစပ်မှုရှိသည်ဟု အများပြည်သူ ထင်ယောင်ထင်မှားဖြစ်စေသော အမည်နှင့် အသုံးအနှုန်းများကို သုံးစွဲ ခြင်းမပြုရ။
၆၁။    မည်သူမျှ ပုဂ္ဂလိကကျောင်းဆရာ မှတ်ပုံတင်လက်မှတ်မရှိသော သူကို ပုဂ္ဂလိကကျောင်းဆရာအဖြစ် ခန့်အပ်ခြင်း သို့မဟုတ် သင်ကြား စေခြင်း မပြုရ။
၆၂။    မည်သူမျှ   ကိုယ်ပိုင်  သို့မဟုတ်  ပုဂ္ဂလိကကျောင်း၏ ပရိဝုဏ် သို့မဟုတ် အ‌ဆောက်အဦတွင် ဥပဒေနှင့်ဆန့်ကျင်သော လုပ်ဆောင်မှု များ၊   အများပြည်သူကို   ထိခိုက်နစ်နာစေ‌သော  လုပ်ဆောင်မှုများ၊ ကျောင်းလုပ်ငန်းနှင့်    လျော်ကန်မှုမရှိသော   လုပ်ဆောင်မှုများ မပြုလုပ်ရ။
၆၃။    မည်သူမျှ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းတွင် နိုင်ငံတော် တည်ငြိမ်ရေး၊ လုံခြုံရေး၊ သို့မဟုတ် အမျိုးသားယဉ်ကျေးမှုကို ထိခိုက် စေနိုင်သော လုပ်ရပ်များ မပြုလုပ်ရ။
၆၄။     မည်သူမျှ ပုဂ္ဂလိကကျောင်းဆရာ မှတ်ပုံတင်လက်မှတ်မရှိဘဲ ပုဂ္ဂလိကကျောင်းဆရာအဖြစ် ဆောင်ရွက်ခြင်းမပြုရ။
၆၅။    မည်သူမျှ စီမံခန့်ခွဲရေးနည်းလမ်းအရ ပုဂ္ဂလိက‌ကျောင်းဆရာ မှတ်ပုံတင်လက်မှတ်ကို    ကာလအကန့်အသတ်ဖြင့်  ရပ်ဆိုင်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းပြုသည့် ကာလအတွင်း ပုဂ္ဂလိကကျောင်း ဆရာအဖြစ် ဆောင်ရွက်ခြင်းမပြုရ။ 
၆၆။    မည်သူမျှ-
    (က)    ပုဂ္ဂလိက‌ကျောင်းဆရာ  မှတ်ပုံတင်လျှောက်လွှာတွင် အချက်အလက်များကို မမှန်မကန်ဖော်ပြခြင်းမပြုရ၊
    (ခ)    ပုဂ္ဂလိက‌ကျောင်းဆရာ မှတ်ပုံတင်လက်မှတ်ပါ အချက် အလက်တစ်ခုခုကို ခွင့်ပြုချက်မရဘဲ ပြင်ဆင်ပြောင်းလဲ ခြင်းမပြုရ၊
    (ဂ)    ပုဂ္ဂလိက‌ကျောင်းဆရာ မှတ်ပုံတင်လက်မှတ်ကို အခြားသူ အား လွှဲပြောင်းခြင်းမပြုရ။
၆၇။    မည်သူမျှ   ကိုယ်ပိုင်  သို့မဟုတ်  ပုဂ္ဂလိကကျောင်းများတွင် ဘာသာရေးကို ထိခိုက်စေမည့် အကြောင်းအရာများ၊ မြန်မာ့ယဉ်ကျေးမှု နှင့် မ‌လျော်ညီသော အ‌ကြောင်းအရာများကို ဟောပြောခြင်း၊ ပို့ချခြင်း၊ ထည့်သွင်းပြောကြားခြင်း၊ သင်ကြားခြင်း၊ ဆွေးနွေးခြင်း သို့မဟုတ် ထိုသို့ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်ခြင်းမပြုရ။
၆၈။    မည်သူမျှ   ကိုယ်ပိုင်   သို့မဟုတ်  ပုဂ္ဂလိကကျောင်းများတွင် နိုင်ငံတော်မူဝါဒနှင့် ဆန့်ကျင်သော ပါတီနိုင်ငံရေးဆိုင်ရာ အ‌ကြောင်း အရာများနှင့် နိုင်ငံရေးအ‌ကြောင်းအရာများကို ဟောပြောခြင်း၊ ပို့ချ ခြင်း၊  ထည့်သွင်းပြောကြားခြင်း၊   သင်ကြားခြင်း၊  ဆွေးနွေးခြင်း သို့မဟုတ် ထိုသို့ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်ခြင်းမပြုရ။
၆၉။    ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိက‌ကျောင်း မှတ်ပုံတင်လက်မှတ်တွင် ဖော်ပြထားသူမှအပ မည်သူမျှ တည်ထောင်သူနှင့် စီမံအုပ်ချုပ်သူအဖြစ် ဆောင်ရွက်ခြင်းမပြုရ။
အခန်း (၁၅)
ပြစ်မှုနှင့် ပြစ်ဒဏ်များ
၇၀။    မည်သူမဆို ပုဒ်မ ၅၇ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန် ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ်အနည်းဆုံး တစ်နှစ်မှ အများဆုံးနှစ်နှစ်ထိဖြစ်စေ၊ ငွေဒဏ်အနည်းဆုံး ကျပ်သိန်း ၃၀၀ မှ အများဆုံး ကျပ်သိန်း ၅၀၀ ထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
၇၁။    မည်သူမဆို ပုဒ်မ ၅၈၊ ပုဒ်မ ၅၉ နှင့် ပုဒ်မ ၆၀ ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင်   ထိုသူကို  ထောင်ဒဏ်အနည်းဆုံး  ခြောက်လမှ  အများဆုံး တစ်နှစ်ထိဖြစ်စေ၊ ငွေဒဏ်အနည်းဆုံး ကျပ်သိန်း ၂၀၀ မှ အများဆုံး ကျပ်သိန်း ၃၀၀ ထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
၇၂။    မည်သူမဆို ပုဒ်မ ၆၁၊ ပုဒ်မ ၆၂ နှင့် ပုဒ်မ ၆၃ ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင်   ထိုသူကို   ထောင်ဒဏ်အနည်းဆုံး  တစ်နှစ်မှ  အများဆုံး နှစ်နှစ်ထိဖြစ်စေ၊  ငွေဒဏ်အနည်းဆုံး  ကျပ်သိန်း ၃၀၀ မှ အများဆုံး ကျပ်သိန်း ၅၀၀ ထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
၇၃။    မည်သူမဆို   ပုဒ်မ   ၆၄  နှင့်  ပုဒ်မ  ၆၅  ပါ  တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း      ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ငွေဒဏ်အနည်းဆုံး ကျပ်သိန်း ၃၀မှ အများဆုံး ကျပ်သိန်း ၅၀ ထိချမှတ်ရမည်။


၇၄။    မည်သူမဆို ပုဒ်မ ၆၆၊ ပုဒ်မ ၆၇ နှင့် ပုဒ်မ ၆၈ ပါတားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင်   ထိုသူကို  ထောင်ဒဏ်အနည်းဆုံး  ခြောက်လမှ အများဆုံး တစ်နှစ်ထိ ဖြစ်စေ၊ ငွေဒဏ် အနည်းဆုံး ကျပ်သိန်း ၃၀ မှ အများဆုံး ကျပ်သိန်း ၅၀ ထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
၇၅။    မည်သူမဆို ပုဒ်မ ၆၉ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန် ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ်အနည်းဆုံး ခြောက်လမှ  အများဆုံး  တစ်နှစ်ထိဖြစ်စေ၊  ငွေဒဏ်အနည်းဆုံး ကျပ်သိန်း ၅၀ မှ အများဆုံး ကျပ်သိန်း ၁၀၀ ထိဖြစ်စေ၊  ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။
အခန်း (၁၆)
အထွေထွေ
၇၆။    တည်ထောင်သူ   သို့မဟုတ်  စီမံအုပ်ချုပ်သူသည်   ငွေကြေး၊ စက်ပစ္စည်း၊ ကျောင်းသုံးပစ္စည်း၊ နည်းပညာ၊  မူပိုင်ခွင့်အခွင့်အ‌ရေး၊ မြေ၊ အ‌ဆောက်အအုံ၊ စာသင်ခန်း၊ ပရိဘောဂတို့ကို လှူဒါန်းရရှိခြင်း ဖြစ်လျှင် လှူဒါန်းခြင်းသ‌ဘောတူညီမှု အ‌ထောက်အထား၊ လှူဒါန်းသူ အမည်၊ လှူဒါန်းပစ္စည်းအမျိုးအစားနှင့် အရေအတွက်၊ လိုအပ်သော အ‌ထောက်အထားများနှင့် ၎င်းတို့ကို အသုံးပြုမှုနှင့် စီမံခန့်ခွဲမှုတို့ကို တိကျစွာဖော်ပြထားသော မှတ်တမ်းထားရှိရမည်။
၇၇။    ဤဥပဒေအရ ချမှတ်သည့် စီမံခန့်ခွဲရေးဆိုင်ရာ ပြစ်ဒဏ်သည် ပြစ်မှုကြောင်းအရဖြစ်စေ၊ တရားမကြောင်းအရဖြစ်စေ အရေးယူခြင်း ကို ပိတ်ပင်ခြင်းမရှိစေရ။
၇၈။    ဤဥပဒေအရ -
    (က)    အရေးယူသောပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်သည်။
    ( ခ )    တရားစွဲဆိုရာတွင်   ဝန်ကြီးဌာန၏  ကြိုတင်ခွင့်ပြုမိန့် ရယူရမည်။
    ( ဂ )    ပြစ်မှုထင်ရှားစီရင်ခြင်းခံရသူတစ်ဦးကို    နစ်နာသူက မိမိ၏နစ်နာမှုအတွက်   တရားမကြောင်းအရလည်း တရားစွဲဆိုနိုင်သည်။
၇၉။    ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိက‌ကျောင်းသည် မှတ်ပုံတင်လက်မှတ် ရရှိသည့်နေ့မှစ၍ ၎င်း၏အမည်၊ အမှတ်တံဆိပ်တို့ဖြင့် ဆောင်ရွက် ပိုင်ခွင့်၊ စဉ်ဆက်မပြတ် ဆက်ခံဆောင်ရွက်ပိုင်ခွင့်၊ တရားစွဲဆိုခွင့်နှင့် တရားစွဲဆိုခံပိုင်ခွင့် ရှိစေရမည်။
၈၀။    ဤဥပဒေအာဏာမတည်မီ တည်ထောင်ထားသော ကိုယ်ပိုင် သို့မဟုတ်   ပုဂ္ဂလိကကျောင်းများအားလုံးသည်  ဤဥပဒေအာဏာ တည်သည့်နေ့မှစ၍ တစ်နှစ်အတွင်း ဤဥပဒေနှင့်အညီ မှတ်ပုံတင်၍ ဆောင်ရွက်ရမည်။
၈၁။    (က)    ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ဥပဒေ (၂၀၁၁ ခုနှစ် ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် ၁၄)ကို ဤဥပဒေဖြင့် ရုပ်သိမ်း လိုက်သည်။
    ( ခ )    ဤဥပဒေဖြင့်   ရုပ်သိမ်းလိုက်သည့်  ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်ဥပဒေအရ ထုတ်ပြန်ခဲ့သော နည်းဥပဒေများ၊ အမိန့်ကြော်ငြာစာ၊   အမိန့်၊  ညွှန်ကြားချက်၊  လုပ်ထုံး လုပ်နည်းများ၊   စည်းမျဉ်းများနှင့်  စည်းကမ်းများကို ဤဥပဒေနှင့်   မဆန့်ကျင်ပါက   ဆက်လက်ကျင့်သုံး နိုင်သည်။
၈၂။    ဤဥပဒေပါ   ပြဋ္ဌာန်းချက်များကို  အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် -
    (က)    ဝန်ကြီးဌာနသည်   နည်းဥပဒေများ၊   စည်းမျဉ်းနှင့် စည်းကမ်းများကို        ပြည်ထောင်စုအစိုးရအဖွဲ့၏ သ‌ဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။ 
    ( ခ )    ဝန်ကြီးဌာနနှင့်    သက်ဆိုင်ရာဝန်ကြီးဌာနသည်   အမိန့် ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်း များကို ထုတ်ပြန်နိုင်သည်။ 
    ( ဂ )    ကြီးကြပ်ရေးအဖွဲ့နှင့် ဒေသဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ တို့သည် အမိန့်ကြော်ငြာစာနှင့် ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ကျွန်ုပ် လက်မှတ်ရေးထိုးသည်။


    (ပုံ)  မင်းအောင်လှိုင်
    ဗိုလ်ချုပ်မှူးကြီး    
    ဥက္ကဋ္ဌ
    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ