
နေပြည်တော် မေ ၁၂
ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၊ ယူ-၂၂ အမျိုးသားဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲစဉ်(၂)ပွဲကို မေ ၁၃ ရက်တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ရုပ်သံလိုင်းများမှ တိုက်ရိုက်(Live)ထုတ်လွှင့်ပြသမည်ဖြစ်သည်။
မွန်းလွဲ ၃ နာရီခွဲတွင် ဗီယက်နမ်အသင်းနှင့် အင်ဒိုနီးရှားအသင်း တို့ ယှဉ်ပြိုင်မှုအား လည်းကောင်း၊ ည ၇ နာရီခွဲတွင် မြန်မာအသင်း နှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်မှုအား လည်းကောင်း မြန်မာ့ ရုပ်မြင်သံကြား ရုပ်သံလိုင်းလေးခု၊ ရေဒီယိုနှင့် Online တို့မှ တိုက်ရိုက် (Live)ပြသမည်ဖြစ်သော်လည်း ည ၇ နာရီခွဲစတင်မည့် ပွဲစဉ်မှာ MRTV-HDတွင် ည(၈)နာရီ သတင်းချိန်နှင့် တိုက်ဆိုင်နေပါသဖြင့် MRTV Sports Channel၊ MRTV Parliament Channel၊ MRTV Farmers’ Channel မြန်မာ့အသံရေဒီယိုနှင့် Online တို့မှ တိုက်ရိုက် (Live) ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း မိဘပြည်သူများအား လေးစားစွာ ကြိုတင်အစီရင်ခံ တင်ပြအပ်ပါသည်။
သတင်းစဉ်