ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်နှင့် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီးနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ ပုဂ္ဂလိကအသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ

 

နေပြည်တော်   မေ   ၁၂    

 

တိုင်းဒေသကြီး၊   ပြည်နယ်များရှိ ခရီးစဉ်ဒေသများတွင်  ဟိုတယ်နှင့်  ခရီးသွားကဏ္ဍ  စနစ်တကျ  ဖွံ့ဖြိုး တိုးတက်စေရန်  ယမန်နေ့နံနက် ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာ ရေးဝန်ကြီးဌာန      ပြည်ထောင်စု ဝန်ကြီး      ဦးအောင်သော်သည်  တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးမြတ်ကိုနှင့်အတူ ထားဝယ် မြို့ရှိ    တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ ၌ တိုင်းဒေသကြီးနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာမှ     တာဝန်ရှိသူများ၊ ဟိုတယ်နှင့်    ခရီးသွားလုပ်ငန်း ဆိုင်ရာ ပုဂ္ဂလိကအသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။

 


တွေ့ဆုံပွဲတွင်   ပြည်ထောင်စု ဝန်ကြီးက ခရီးသွားလုပ်ငန်းမှ ရရှိ လာသောဝင်ငွေများသည်  ဒေသ အတွင်းရှိ   ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်ကဏ္ဍများအပြင် ဒေသခံ များထံသို့     စီးဝင်မည်ဖြစ်သဖြင့် ဒေသ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို     အထောက်အပံ့ ဖြစ်စေကြောင်း၊    ထားဝယ်ခရိုင် ခရီးစဉ်ဒေသတွင် ခရီးသွားများကို  ဆွဲဆောင်နိုင်သည့်      တန်ခိုးကြီး ဘုရားများ၊   သာယာလှပသော ကမ်းခြေများနှင့် သဘာဝအလှအပ များစွာ  ရှိပါကြောင်း၊    ယင်းအခြေ အနေကောင်းများကို အကျိုးရှိစွာ အသုံးချပြီး   ဒေသတွင်းခရီးသွား လုပ်ငန်းကဏ္ဍ      ပြန်လည်ဦးမော့ အောင်၊    ခရီးစဉ်ဒေသတစ်ခုကို ခရီးသွားဈေးကွက်၌ စိတ်ဝင်စားမှု များစွာ ရရှိလာအောင် ဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊  ဝန်ကြီး ဌာနအနေဖြင့် ဟိုတယ်နှင့်   ခရီး သွားကဏ္ဍတွင်       ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေကြသည့်  လုပ်ငန်းရှင် များ၏ လုပ်ငန်းများ   အဆင်ပြေမှု ရှိစေရေး၊      ဒေသတွင်းခရီးသွား လုပ်ငန်း         ပိုမိုဖွံ့ဖြိုးလာစေရေး အတွက် သက်ဆိုင်ရာ အစိုးရအဖွဲ့ နှင့်ပူးပေါင်း၍             ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ လိုအပ်သည်များကို     ဆွေးနွေး တင်ပြကြစေလိုကြောင်း    ပြော ကြားသည်။

 


ဆက်လက်၍   တိုင်းဒေသကြီး ဝန်ကြီးချုပ်က    တိုင်းဒေသကြီး အတွင်းရှိ        ခရီးစဉ်ဒေသများ ဆွဲဆောင်မှုရှိစေရေး၊    ခရီးသွား လုပ်ငန်းနှင့်   ဆက်စပ်လုပ်ငန်းများ အဆင်ပြေမှုရှိစေရေး၊       ဒေသ ဆိုင်ရာ             ခရီးသွားလုပ်ငန်း ကော်မတီ     အစည်းအဝေးများ ဆောင်ရွက်နေမှု          အခြေအနေ၊ ဘာသာစကား           သင်တန်းများ ဖွင့်လှစ်သင်ကြားမည့်   အစီအစဉ် များနှင့် တိုင်းဒေသကြီး  ခရီးသွား လုပ်ငန်း     ဖွံ့ဖြိုးတိုးတက်ရေး အတွက်        ဆောင်ရွက်ပေးမည့် အစီအစဉ်များကို   ရှင်းလင်းပြော ကြားသည်။

 


ထို့နောက် ဟိုတယ်နှင့်   ခရီး သွားလာရေးဝန်ကြီးဌာန၏   အစီ အစဉ်ဖြင့်        ဆောင်ရွက်သော ကျန်းမာရေးနှင့်   ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ  အသိအမှတ် ပြုလက်မှတ် နိုင်ငံအဆင့် “Health and Safety Protocols - HSP” တံဆိပ်ရရှိကြသော     ထားဝယ် မြို့နယ်မှ  ဟိုတယ်ငါးလုံးနှင့် မြိတ် မြို့နယ်မှ    ဟိုတယ်နှစ်လုံးတို့ကို ပြည်ထောင်စုဝန်ကြီးနှင့်      တိုင်း ဒေသကြီး ဝန်ကြီးချုပ်တို့က  HSP တံဆိပ်များ          ပေးအပ်ချီးမြှင့် သည်။

 


ယင်းနောက်       တက်ရောက် လာကြသူများက   တိုင်းဒေသကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက် ရေးအတွက်    ဝိုင်းဝန်းဆွေးနွေး တင်ပြကြပြီး ပြည်ထောင်စုဝန်ကြီး နှင့်    တိုင်းဒေသကြီးဝန်ကြီးချုပ် တို့က   လိုအပ်သည်များ  ပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေး သည်။  

သတင်းစဉ်