ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ကျိုင်းတုံမြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

 

နေပြည်တော်   မေ    ၁၂


သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ မွန်းလွဲပိုင်းက ပြည်နယ်ဦးစီးမှူးများနှင့် တာဝန်ရှိသူများနှင့်အတူ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် ဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်သည်။

 


ရှေးဦးစွာ  ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျိုင်းတုံမြို့နယ်    ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ ဖြင့် ဆောင်ရွက်ခဲ့သော ကျိုင်းဖောင်းကျေးရွာ နမ့်ခင် ချောင်းဘေး ဝဲ၊ ယာ ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုး ရေရရှိရေးလုပ်ငန်းကို          ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက  နမ့်ခင်ချောင်းဘေး ဝဲ၊ ယာ ဆိုလာရေတင်စနစ် စိုက်ပျိုးရေရရှိရေးလုပ်ငန်းသည် စိုက်ပျိုးမြေဧက  ၃၀ တွင် စိုက်ပျိုးနေသည့် ဆောင်း သီးနှံများ၊ ဟင်းသီးဟင်းရွက်များ၊ နွေစပါး၊ မိုးစပါးတို့ အတွက် အကျိုးဖြစ်ထွန်းစေပြီး ပြည်သူများ မိသားစု ဝင်ငွေ   တိုးပွားလာမည်ဖြစ်ကြောင်း၊    လုပ်ငန်းများ ဆောင်ရွက်ရာတွင် သမဝါယမအသင်း အဖွဲ့စနစ်ဖြင့် စုပေါင်းစိုက်ပျိုးထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊    စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့်   မျိုးကောင်းမျိုးသန့်၊  ဓာတ်မြေဩဇာ၊ စိုက်နည်းစနစ်တို့ကို       စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်းချိတ်ဆက်       ဆောင်ရွက်ပေးရမည်ဖြစ် ကြောင်း၊  ဆောင်ရွက်ပြီး    စီမံကိန်းလုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲရေး   တာဝန်ရှိသူအားလုံးက ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်ကြောင်း ပြောကြားပြီး  ဆိုလာရေတင်စနစ် စိုက်ပျိုးရေရရှိရေး လုပ်ငန်းမှ ဖြန့်ဝေပေးနေသော စိုက်ပျိုးရေဖြင့် သီးနှံ များ စိုက်ပျိုးဖြစ်ထွန်းနေမှုကို ကြည့်ရှုအားပေးကာ လုပ်ငန်းလိုအပ်ချက်များအပေါ်           ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 


ထို့နောက်   ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျိုင်းတုံမြို့နယ်    ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနရုံးသို့  သွားရောက်ပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ အားပေးကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်