
နေပြည်တော် မေ ၉
ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၂၃ ခုနှစ် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို မေ ၅ ရက်မှ ၁၇ ရက်အထိ ကျင်းပမည်ဖြစ်ရာ ပြိုင်ပွဲဝင် အားကစား နည်းများအနက် အသက် ၂၂ နှစ်အောက် အမျိုးသားဘောလုံး အားကစားပြိုင်ပွဲ၏ အုပ်စုအဆင့်ပြိုင်ပွဲများကို ဧပြီ ၂၉ ရက်မှ စတင်ကျင်းပလျက်ရှိသည်။
အဆိုပါ အမျိုးသားဘောလုံးအားကစားပြိုင်ပွဲ၏ အုပ်စု(က)မှ မြန်မာအမျိုးသားဘောလုံးအသင်းနှင့် ဖိလစ်ပိုင်အသင်းတို့သည် မေ ၁၀ ရက်၊ ညနေ ၆ နာရီခွဲတွင် ယှဉ်ပြိုင်ကြမည်ဖြစ်ရာ အဆိုပါ ပွဲစဉ်ကို MRTV HD Channel ၊ MRTV Sports Channel ၊ MRTV Parliament Channel ၊ MRTV Farmers’ Channel နှင့် မြန်မာ့အသံ ရေဒီယိုတို့က တိုက်ရိုက် Live ထုတ်လွှင့်သွားမည်ဖြစ်သည်။
သတင်းစဉ်